25 C
Yangon

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ပြီး ဗိုလ်စောမောင်နှင့် ဗိုလ်သန်းရွှေတို့ ဦးဆောင်သော စစ်အာဏာ သိမ်းမှုတွင် ပါဝင်ခဲ့သူ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ကျော်ဘ ကွယ်လွန်

Must read

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ပြီး ဗိုလ်စောမောင်နှင့် ဗိုလ်သန်းရွှေတို့ ဦးဆောင်သော စစ်အာဏာ သိမ်းမှုတွင် ပါဝင်ခဲ့သူ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ကျော်ဘ ကွယ်လွန်

ရန်ကုန်၊ မေ ၂၀

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ပြီး ဗိုလ်စောမောင် ဦးဆောင်သော စစ်အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ အသက် ၉၀ အရွယ်တွင် ကွယ် လွန်သွားပြီဖြစ်ကြောင်း သိရှိရသည်။

မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းခဲ့သော န၀တ၊ နအဖတွင် တိုင်းမှူး၊ အဖွဲ့ဝင်၊ ဝန်ကြီးအဖြစ် ပါဝင်ခဲ့သူ အငြိမ်း စား ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘသည် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားပြီး နာရေးကို မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂:၃၀ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ရှင်ဂျော့ဂျက်ခရစ်ယန်ဘုရားကျောင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“လူကြီးရောဂါနဲ့ပဲ ကွယ်လွန်တယ်လို့ သိရပါတယ်။ အသက်ကြီးတော့ လူကြီးနာနဲ့ပဲ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့စဉ်က ဗိုလ်ချုပ်ကျော်ဘသည် မြောက်ပိုင်းတိုင်းမှူးအဖြစ် စစ်အာဏာသိမ်းမှုနှင့် ပြည်သူများကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည်။

ဗိုလ်စောမောင်နှင့် ဗိုလ်သန်းရွှေတို့ ဦးဆောင်သော စစ်အာဏာသိမ်းခဲ့သည့် န၀တအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၂ စက်တင်ဘာ ၂၄ ရက်နေ့တွင် မြောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်ကျော်ဘသည် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခံခဲ့ရသည်။ ၁၉၉၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးခံခဲ့ရပြီး ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့ အခြား ဒုတိယဗိုလ်ချုပ်ကြီး ၁၂ ဦးနှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘမှာ ရာထူးမှ အနားပေးခံခဲ့ရသည်။

ဓာတ်ပုံ- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article