25 C
Yangon

မြိတ်မှ တနင်္သာရီမြို့နယ်ဘက်ကို ရိက္ခာပို့လာသည့် စစ်တပ် ယာဉ်တန်းနှင့် ကင်းပုန်းကို ၄ ကြိမ် ကြားဖြတ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

Must read

မြိတ်မှ တနင်္သာရီမြို့နယ်ဘက်ကို ရိက္ခာပို့လာသည့် စစ်တပ် ယာဉ်တန်းနှင့် ကင်းပုန်းကို ၄ ကြိမ် ကြားဖြတ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၂၁

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှ တနင်္သာရီမြို့နယ်ဘက်ကို ရိက္ခာပို့သည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် ကင်းပုန်းကို ၄ ကြိမ် ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

မေလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်မြို့နယ်၊ တုန်းဗျောကြီးရွာ စစ်တပ် စခန်းမှ လသာရွာဘက်ကို လမ်းကင်းလာယူသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အင်းဝတံတားအနီးတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်မှ တနင်္သာရီဘက်ကို တက်လာသည့် အကြမ်းဖက် စစ်တပ် ရိက္ခာ ယာဥ်တန်းကို မြိတ်မြို့နယ် လသာရွာအနီး ရဲသေတောင်‌တွင် တော်လှန်ရေးက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာအနီး နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာယာဥ်တန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီအချိန်တွင် ဘန်းလမွတ်ရွာအနီး ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု ၄ ကြိမ် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ကား ၂ စီး ထိခိုက်မှုရှိပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာမှုနှင့် သေဆုံးမှု အရေအတွက်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီ မြို့နယ် ပကဖ တနင်္သာရီရိုးမ အဖွဲ့ (ဇုန်) ၃ ၊ တောဗုံးကြီးအဖွဲ့( ဇုန်) ၅ နှင့် ပုလော ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article