25 C
Yangon

ခင်ဦးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ခင်ဦးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ ညပိုင်းနှင့် ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ပျူ‌စောထီးများ တပ်စွဲထားသော နေရာနှင့် စစ်တပ်မှ အရာရှိ ၁ ဦးနေထိုင်ရာ နေအိမ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရရှိမှုရှိပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားစဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Dragon Urban Guerrilla အဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၃ ၊ ခင်ဦးမြို့နယ် ပကဖ၊ Fire Dragon (LPDF) အဖွဲ့နှင့်အတူ နယ်‌မြေ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article