26 C
Yangon

တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်အတွင်း သိမ်းဆည်းထားသော ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို ဖော်ထုတ်ရရှိ

Must read

တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်အတွင်း သိမ်းဆည်းထားသော ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို ဖော်ထုတ်ရရှိ

ရန်ကုန်၊ မေ ၂၃

ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီ၏ ခလရ ၂၉၆ တပ်အတွင်းမှ ငွေကျပ် သိန်း ၃၀၀၀ ကျော် သိမ်းဆည်းရရှိကြောင်း CNF/CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ ခလရ ၂၆၉ အတွင်းတွင် ရွှေ့ပြောင်း သိမ်းဆည်းထားသော မြန်မာ့စီးပွားရေးဘဏ်မှ မြန်မာငွေကျပ်သိန်း ၃၀၀၀ ကျော်ကို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း ၊ ယင်းငွေများကို လုံခြုံသော နေရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။

“မနေ့ သိမ်းဆည်းရရှိတာပါ။ ငွေပမာဏက သိန်း ၃၀၀၀ ကျော်ပါတယ်” ဟု CNF/CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ငယ် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

ထို့အတူ မေလ ၁၉ ရက်နေ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပြည်အစိုးရတပ်များဖြစ်ကြသည့် CNA ၊ CDFs ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။

မေလ ၁၅ ရက်နေ့မှ စတင်ခဲ့သော လက်ရှိ တွန်းဇံမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားပြီး အရှင်ဖမ်းဆီးရရှိသူများလည်းရှိကြောင်း၊ စစ်တပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲမှုများရှိခဲ့ကြောင်း၊ ပြည်သူများလည်း တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ တွန်းဇံမြို့ ခလရ ၂၉၆ တပ်အတွင်းမှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို ရေတွက်နေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article