26 C
Yangon

ကျိုက်ထိုနှင့် ဘီးလင်း မြို့နယ်တို့တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် ပျူစောထီး အုန်းမြင့်နှင့် သက်လွင်ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

Must read

ကျိုက်ထိုနှင့် ဘီးလင်း မြို့နယ်တို့တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် ပျူစောထီး အုန်းမြင့်နှင့် သက်လွင်ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

ရန်ကုန်၊ မေ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် ပျူစောထီး အုန်းမြင့်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ ၊တပ်ခွဲ ၄ UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၂၂ ရက် ညနေ၂ နာရီ မိနစ် ၃၀ အချိန်ခန့်က ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ရေတံခါးပိုင်းတွင် နေထိုင်သည့် လက်နက်ကိုင် ပျုစောထီး အုန်းမြင့်(ခ)အန်ကယ်ကြီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ တပ်ရင်း-၇၈၀၅၊ တပ်ခွဲ – ၄ ၊ UG တပ်ဖွဲ့ဝင်များက ကျိုက်ထိုမြိုမ ရဲစခန်းလမ်းထိပ်ရှိ 7 mark လက်ဖက်ရည်ဆိုင် အတွင်း ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး အုန်းမြင့်(ခ)အန်ကယ်ကြီးသည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိချိန်ထိ နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူဖြစ်ကာ အကြမ်းဖက် စစ်တပ် ခိုင်းစေသမျှ အာကြိုး မာန်တက် ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း၊ ပြည်သူများကို ငွေညစ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ မကြာခဏ ပြုလုပ်နေသူတစ်ဦးဖြစ်ပြီး ကျိုက်ထိုမြို့မရဲစခန်းရှိ ပြည်သူများ၏ အမှုများကို ငွေအဆမတန် ရယူကာ လိုက်လံညှိနှိုင်း ပေးနေ သူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် ပစ်ခတ်မှုအတွင်း အုန်းမြင့်မှာ ထွက်ပြေးသွားသောကြောင့် လိုက်လံ ပစ်ခတ်စဉ် ဘေးဝိုင်းတွင် ထိုင်နေသော ပြည်သူ အမျိုးသား ၂ ဦး ကျည်ရှပ် ထိဒဏ်ရာရရှိခဲ့ ပြီး ယင်းထိခိုက်ခဲ့မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သားများက အထူးပင် စိတ်မကောင်းဖြစ်ရကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သတ်သော နေရာများနှင့် ဝေးဝေးနေပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ ၊တပ်ခွဲ ၄ UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ဆင်မင်းဘုရားနှင့်တိုက်နယ်ဆေးရုံကြားတစ်နေရာ၌ အ ကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သက်လွင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယနေ့ မေလ ၂၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်အချိန်က ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီး တောင်ပိုင်းနေ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သက်လွင်ဦး (ရဲပြုတ်) ဆိုသူအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ဇုတ်သုတ် ဆင်မင်းဘုရားနှင့် တိုက်နယ်ဆေးရုံကြား တနေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထိုပကဖ ပူး ပေါင်းအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲဝင်များ အထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်း ၊သေဆုံးသူ သက်လွင်ဦး ထံမှ လက်ပစ်ဗုံး ၂ လုံး၊ ငွေကျပ် ၁၅၀ဝ နှင့် အိတ် တစ်လုံး ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေး အင်အးစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့် ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article