28 C
Yangon

သဲကုန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော အင်ပင်လှရွာ အုပ်ချုပ်ရေးမှူး မျိုးထွန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

သဲကုန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော အင်ပင်လှရွာ အုပ်ချုပ်ရေးမှူး မျိုးထွန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၂၃

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော အင်ပင်လှရွာ အုပ်ချုပ်ရေးမှူး မျိုးထွန်း ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် အင်ပင်လှရွာ နေအုပ်ချုပ်ရေးမှူးမျိုးထွန်း၏ နေအိမ်အနီးတွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ Wisdom (2) အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး မျိုးထွန်းသည် အကြမ်းဖက် စစ်ကောင်စီ အလိုကျ စစ်မှူ့ထမ်း စုဆောင်းရာတွင် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကို အတင်း အဓမ္မ ခေါ်ယူ စုဆောင်းပေးခြင်း၊ကျေးရွာအုပ်စုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ နေထိုင်၍ မရစေရန် စစ်တပ် ထံသတင်းပေးပို့ခြင်း၊ ကျေးရွာအုပ်စုအတွင်း လောင်းကစားဝိုင်းများ ထောင်ကာ အကြမ်းဖက် စစ်ကောင်စီကို ထောက်ပံ့နေသူဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီ ဖြစ်သောကြောင့် ကျန်ရှိနေသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများလည်း ပြည်သူနှင့်အမြန်ဆုံး ပူးပေါင်းကြရန် ၃၆၀၁ PPDF တပ်ရင်း မှ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ဆက်လက် ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article