28 C
Yangon

နွားထိုးကြီးမြို့နယ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

နွားထိုးကြီးမြို့နယ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force အဖွဲ့ထံမှ သိရသည်။

မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၀န်းကျင်ခန့်တွင် ပြင်စည် ကျေးရွာအတွင်းမှ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခက်လန်း-တတ်စည်ကျေးရွာ အနီးတွင် ဂိတ်ချပြီး ပြည်သူများကို စစ်ဆေးမှု ပြုလုပ်နေစဉ် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ Drone ဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article