27 C
Yangon

အမေရိကန်-အာဆီယံဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ငြင်းပယ်ပြီး NUG ကိုယ်စား လှယ်ကို လက်ခံရန် တောင်းဆို

Must read

အမေရိကန်-အာဆီယံဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ငြင်းပယ်ပြီး NUG ကိုယ်စား လှယ်ကို လက်ခံရန် တောင်းဆို

ရန်ကုန်၊ မေ ၂၃

အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၆ ကြိမ်မြောက် အမေရိကန်-အာဆီယံဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ငြင်းပယ်ပြီး NUG ကိုယ်စားလှယ်ကို လက်ခံရန် Defend Myanmar Democracy က အရေးတကြီးတောင်းဆိုကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။

မေလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ၃၆ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲကို အမေရိကန်အစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ကျင်းပမည့် အဆိုပါအဆင့်မြင့်အစည်းအဝေးတွင် မြန်မာအကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်များအား ဖယ်ထုတ်ပေးရန် Defend Myanmar Democracy က အရေးတကြီး တောင်းဆိုကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရုံးမှ တရားဝင်မှုရှိသော မြန်မာကိုယ်စားလှယ်များကို ဖိတ်ကြားပေးရန်အတွက်လည်း အမေရိကန်အစိုးရနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစိုးရများကို တိုက်တွန်းနှိုးဆော်ကြောင်း၊ အဆိုပါအစည်းအဝေးသို့ မြန်မာအကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ခင်သီတာအေး (သို့မဟုတ်) စစ်အုပ်စု၏ လက်အောက်ရှိ ဝါရှင်တန်သံရုံးတာဝန်ခံ သက်ဝင်း တို့တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ကတည်းက ယခုကဲ့သို့သော လက်ခံဖိတ်ကြားမှုသည် လူသားမျိုးနွယ်အပေါ် ကျုးလွန်သော ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို ကျူးလွန်နေသော တရားမ၀င် အကြမ်းဖက်စစ်အုပ်စုကို တရားဝင်မှုဖြစ်စေသည့် အမေရိကန်အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ပြသာနာတစ်ခုဖြစ်နေခဲ့ကြောင်း၊ Defend Myanmar Democracy သည် တွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စု အရာရှိများအား ဖယ်ထုတ်ထားရန် အမေရိကန်အစိုးရထံ စာတစ်စောင် ပေးပို့ထားပြီးဖြစ်ကြောင်း သိရှိရသည်။

မတရားမှုများကို ထုတ်ဖော်ပြောဆို ဆန့်ကျင်ကြရန်၊ မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိ အမှတ်ပြု အားပေးထောက်ခံရန်အတွက် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံသူအားလုံးကို တောင်းဆိုကြောင်း၊ မြန်မာ့ဒီမိုကရေစီကို ကာကွယ်ရေး ရပ်တည်ပေးရန် Defend Myanmar Democracy က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article