25 C
Yangon

ဘူသီးတောင်နှင့် မောင်တောမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၂ သိန်းခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်သော်လည်း ဘာသာ၊ လူမျိုး မခွဲခြားဘဲ ကူညီစောင့်ရှောက်ပေးထားဟု AA ထုတ်ပြန်

Must read

ဘူသီးတောင်နှင့် မောင်တောမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၂ သိန်းခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်သော်လည်း ဘာသာ၊ လူမျိုး မခွဲခြားဘဲ ကူညီစောင့်ရှောက်ပေးထားဟု AA ထုတ်ပြန်

■ စစ်ရှောင်များ အတွက် ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်းပေးရန် နိုင်ငံတကာ အဖွဲ့အစည်းများထံ AA က အကူအညီတောင်း

ရန်ကုန်၊ မေ ၂၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်တို့တွင် စစ်ဘေးရှောင်ပြည်သူ ၂ သိန်း ခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မူဆလင်လူမျိုးများဖြစ်ကာ ဘာသာ၊ လူမျိုးမခွဲခြားဘဲ အကောင်းဆုံး ကူညီ ကာကွယ်စောင့်ရှောက်ပေးထားကြောင်း ယနေ့ မေလ ၂၄ ရက်နေ့တွင် ရခိုင့်တပ်တော် – AA က ထုတ် ပြန်ထားသည်။

လက်ရှိအချိန်တွင် ရခိုင့်တပ်တော် ထိန်းချုပ်နယ်မြေများအတွင်းသို့ ရောက်ရှိလာကြသော စစ်ဘေး ရှောင် အရေအတွက်မှာ ၅ သိန်းကျော်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဘူးသီးတောင်နှင့် မောင်တော မြို့ နယ် တို့တွင် စုစုပေါင်း ၂ သိန်းခန့်ရှိကြောင်း၊ ထိုအထဲမှ ၈၀ ရာခိုင်နှုန်းမှာ မူဆလင်ဖြစ်ပြီး၊ ရခိုင် နှင့် တခြား သော လူနည်းစုများမှာ (၂၀) ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် အာရက္ခပြည်သူ၊ ပြည်သားများနှင့် အတူတကွ လက်တွဲပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို တစိုက်မတ်မတ် မရပ်မနား ဆင်နွှဲလျက်ရှိပြီး တိုက်ပွဲနှင့်နီးကပ်နေသော မြို့၊ ရွာများမှ ဒေသနေပြည်သူလူထုများသည် ၎င်းတို့၏အသက်အန္တရာယ် ဘေးကင်းလုံခြုံစေရေးနှင့် တိုက်ပွဲများအတွင်း ကြားညပ်မသွားစေရေးတို့အတွက် အာရက္ခ တပ်တော် မှ အလုံးစုံထိန်းချုပ်ထားသောနေရာများသို့ စစ်ဘေးရှောင်လာခဲ့ကြသည်ဟုဆိုသည်။

ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ အာရက္ခတပ်တော်သည် စစ်ဘေးရှောင်အဖြစ် ရောက်လာကြသော ပြည်သူတိုင်းကို အာရက္ခဒေသနေ ပြည်သူများအဖြစ် တန်ဖိုးထားလျက် လူမျိုးမရွေး၊ ဘာသာမရွေး မခွဲခြားဘဲ အကောင်းဆုံး ကူညီကာကွယ် စောင့်ရှောက်ပေးလျက်ရှိကြောင်း အသိပေးထားသည်။

အဆိုပါစစ်ဘေးရှောင်များကို ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အပါအဝင် အခြေခံအစားအစာ များ ဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့ စဉ် သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မကြာမီ ရောက် လာမည့် မိုးတွင်းကာလအတွက် အမိုးအကာ၊ အိမ်သာများမှာ အရေးတကြီးလိုအပ်သောပစ္စည်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ အကူအညီများနှင့် လိုအပ်ချက်များအတွက် နိုင်ငံတကာ အဖွဲ့ အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် စေတနာအလှူရှင်များမှ ကူညီပေးကြပါရန် ရခိုင့်တပ်တော် – AA က အားကိုးစွာဖြင့် တိုက်တွန်းနှိုးဆော်ထားသည်။

စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများနှင့် ရှုပ်ထွေးလျက်ရှိသော အာရက္ခဒေသ၏ လက် ရှိ အခြေအနေကို လူအမျိုးမျိုးတို့သည် ရှုထောင့်အမျိုးမျိုးမှ ၎င်းတို့၏ အကျိုးစီးပွားအတွက် အဖြစ် အပျက် မှန်များကို မျက်ကွယ်ပြု လျစ်လျူရှုကာ လိုရာဆွဲ ပြောဆိုရေးသားနေမှုများကို ခပ်စိပ်စိပ် တွေ့မြင် လာနေရကြောင်း၊ မည်သူက မည်သို့ ပြောဆိုရေးသားနေစေကာမူ ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရခိုင့်တပ်တော်အနေဖြင့် ရပ်တည်ချက်နှင့် တာဝန်ဝတ္တရားများအတိုင်း ပြည်သူ့ ဝန်ဆောင်မှု အပိုင်းကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့်လည်း သတင်းတု၊ သတင်းမှားများအပေါ် အခြေခံ၍ မိမိတို့ အဖွဲ့အစည်းအပေါ် တစ်ဖက်သတ် အပြစ်တင်ပြောဆိုရေးသားနေကြမည့်အစား ပကတိ မြေပြင်အမှန်တရားကို သိရှိနားလည်အောင် ဦးစွာပြုလုပ်သင့်သည်ဟု ရခိုင့်တပ်တော်က အကြံပြုထားသည်။

ပြည်သူလူထုများအတွက် မြေပြင်၌ အမှန်တကယ် အကာအကွယ်ပေး ဆောင်ရွက်နေသော ULA/AA နှင့် ပူးပေါင်း လုပ်ဆောင်ခြင်းကသာ အားလုံးအတွက် ပို၍အကျိုးရှိနိုင်မည်ဖြစ်ပြီး ဤကဲ့သို့သော ပူး ပေါင်းလုပ်ဆောင်မှုမျိုးကသာ ဒေသအတွင်း အတူနေလူမျိုးများ အချင်းချင်းအကြား၌ သဟဇာတဖြစ် ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားမျှတမှုရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် နေသည်များကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း ရခိုင်တပ်တော် – AA က ပြောဆိုထားသည်။

အာရက္ခဒေသအတွင်း ဖက်ဆစ် စစ်ကောင်စီ၏ ဗျူဟာ၊ တပ်မ၊ တပ်ရင်းဌာနချုပ်များအတွင်းမှ စစ် ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းများကိုစွန့်လွှတ်ကာ လက်နက်များဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေး နေကြဆဲ ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ၎င်းတို့၏အန္တရာယ်ကို သတိထားကြ ရန်နှင့် စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ ပြည်သူလူထုများ၊ လူသူထူ ထပ်သော နေရာ များနှင့် စစ်ဘေးရှောင်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသ ဖြင့် စစ်ရေးသတိအပြည့်ဖြင့် နေထိုင်ကြရန် အလေးအနက် ထပ်မံတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article