25 C
Yangon

ကောလင်းမြို့နယ်တွင် ရှေ့ပြေးကင်း ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ကောလင်းမြို့နယ်တွင် ရှေ့ပြေးကင်း ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ရှေ့ပြေးကင်း ထွက်လာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။

မေလ ၂၂ ရက်နေ့တွင် ကောလင်းမြို့ အနောက်ဘက် ၁ မိုင်ကျော်ခန့် အကွာရှိ ကြာအင်းကျေးရွာနှင့် ရွာဟောင်းကျေးရွာ အနီး တောစပ် တစ်နေရာကို ရှေ့ပြေးကင်း အဖြစ် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးကို ကောလင်းခရိုင် တပ်ရင်း ၂ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article