25 C
Yangon

ရခိုင်တွင် ရိုဟင်ဂျာ အပါအဝင် ပြည်သူများ၏ အခြေအနေအပေါ် စိုးရိမ်ဟု အမေရိကန်၊ ဥရောပသမဂ္ဂအပါ အဝင် ၁၀ နိုင်ငံ၊ IIMM နှင့် SAC-M တို့က ကြေ ညာပြီး စုံစမ်းစစ်ဆေးရန် တောင်းဆို

Must read

ရခိုင်တွင် ရိုဟင်ဂျာ အပါအဝင် ပြည်သူများ၏ အခြေအနေအပေါ် စိုးရိမ်ဟု အမေရိကန်၊ ဥရောပသမဂ္ဂအပါ အဝင် ၁၀ နိုင်ငံ၊ IIMM နှင့် SAC-M တို့က ကြေ ညာပြီး စုံစမ်းစစ်ဆေးရန် တောင်းဆို

ရန်ကုန်၊ မေ ၂၄

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပါအဝင် အရပ်သားပြည်သူများ၏ အခြေ အနေနှင့်ပတ်သက်၍ အမေရိကန်၊ ဥရောပသမဂ္ဂအပါအဝင် ၁၀ နိုင်ငံ၊ ကုလသမဂ္ဂ IIMM နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီတို့က စိုးရိမ်ဟု ကြေညာချက်များ အသီးသီး ထုတ်ပြန်လိုက်ကြသည်။

ယနေ့ တွင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ‌မော်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေတို့သည် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော ပဋိပက္ခများ နှင့် အထူးသဖြင့် နိုင်ငံတစ်ဝန်းတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးရွားလာလျက်ရှိသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို တွန်းအားပေးနေသည့် ပိုမိုတိုးပွားလာလျက်ရှိသော အရပ်သားပြည်သူထိခိုက်နစ်နာမှုများအပေါ် လွန်စွာ စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မှ အခြေအနေသည် ရခိုင် ၊ ရိုဟင်ဂျာ နှင့် အခြားလူမျိုးစုများ အပါအဝင် အရပ်သားပြည်သူ အားလုံးအတွက် ဘေးအန္တရာယ် ပိုမိုများပြားလာစေကြောင်း၊ တာဝန်ရှိသောအဖွဲ့အစည်း အားလုံးအနေဖြင့် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေးကို အဓိကဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုအားလုံးအတွက် တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်သို့ လေယာဥ်ဆီအပါအဝင် စစ်လက်နက် သို့မဟုတ် အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ စီးဆင်းမှုကို ဟန့်တားရန် သို့မဟုတ် ရပ်တန့်ရန် နိုင်ငံတိုင်းကို မိမိတို့ ထပ်လောင်းတိုက်တွန်းကြောင်း ကြေညာထားသည်။

မတရားဖမ်းဆီးထိန်းသိမ်းခံထားသူများအားလုံးကို လွှတ်ပေးရန်နှင့် အာဆီယံအဖွဲ့အစည်း၏ ဘုံသဘောတူညီချက် ၅ ချက်ကိုအပြည့်အဝ အကောင်အထည် ဖော်ရန် စစ်အာဏာရှင်အဖွဲ့အစည်းက လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ အပြည့်အဝ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် လေးနက်ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ အတွက် အခင်းအကျင်းဖန်တီးပေးရန် ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းအားလုံးကို တောင်းဆိုကြောင်း၊ မြန်မာပြည်သူပြည်သားများအတွက် အားလုံး ပါဝင်ပြီး အကြမ်းဖက်ခြင်းကင်းသည့် ဒီမိုကရေစီအနာဂတ်ကို ဦးတည်၍ ငြိမ်းချမ်းစွာ လက်တွဲလုပ်ဆောင်သွားမည်ဟု သံန္နိဌာန်ချမှတ်ထားသူများအားလုံးကို မိမိတို့က ပြတ်ပြတ်သားသား ဆက်လက် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း အမေရိကန်အပါအဝင် ၁၀ နိုင်ငံက ထုတ်ပြန်သည်။

ထို့ပြင်မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ပိုမိုပြင်းထန်လာသောတိုက်ခိုက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်မှုရှိ၊ မရှိ ဆန်းစစ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM) အကြီးအကဲ Nicholas Koumjian က မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ဘူးသီးတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် အိုးအိမ်များကိုမီးရှို့ဖျက်ဆီးမှုကြောင့် ထောင်နှင့်ချီသောရိုဟင်ဂျာအရပ်သားများ နေရပ်မှရွှေ့ပြောင်းရခြင်းနှင့်ဆက်စပ်သည့် ပေးပို့ချက်များပါဝင်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် ရခိုင်နှင့် ဟိန္ဒူ အရပ်သားများကိုလည်း သက်ရောက်မှုရှိနေကြောင်း ၊တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဋိပက္ခများဆက်လက်ဖြစ်ပွားလျက်ရှိရာ၊ မြန်မာနိုင်ငံ ၏အခြားဒေသများရှိ ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများဟုသတ်မှတ်နိုင်သည့် ကျူးလွန်မှုများနှင့်သက်ဆိုင်သော အထောက်အထားများကိုလည်း စုဆောင်းလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM) အကြီးအကဲ Nicholas Koumjian က ထုတ်ပြန်ထားသည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကလည်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု အန္တရာယ်ကို ထပ်မံ ရင်ဆိုင်နေရကြောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံမှ ပိုမိုဆိုးရွားလာသော လူ့အခွင့်အရေး အရေးပေါ် အခြေအနေကို ဖြေရှင်းရန် အလို့ငှာ အရေးပေါ် အထူးအစည်းအဝေး တရပ်ကို ကျင်းပရန် မေလ ၁၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။

ဓာတ်ပုံ- ရိုဟင်ဂျာများကို AA စစ်သည်တော်များက ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article