25 C
Yangon

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ထိုင်းနိုင်ငံက မရပ်မနား ကြိုးပမ်းလုပ်ဆောင်နေဟု ထိုင်းဝန်ကြီးချုပ်ပြောဆို

Must read

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ထိုင်းနိုင်ငံက မရပ်မနား ကြိုးပမ်းလုပ်ဆောင်နေဟု ထိုင်းဝန်ကြီးချုပ်ပြောဆို

ရန်ကုန်၊ မေ ၂၅

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ထိုင်းနိုင်ငံက မရပ်မနား ကြိုးပမ်းလုပ်ဆောင်နေဟု ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် မြန်မာ နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်ရန် မဆုတ်မနစ် လုပ်ဆောင်နေကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်

အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံ အပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာ့အရေး အဖြေရှာရေး လက်တွဲဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က မေလ ၂၄ ရက်နေ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်သည့် Nikkei’s Future of Asia Forum တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ-မြန်မာ နယ်စပ်တလျှောက်ရှိ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်ပေးနေကြောင်း ၎င်းက ဆိုသည်။

“ငြိမ်းချမ်း၊ တည်ငြိမ်ပြီး စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံ ဖြစ်ပေါ်လာရအေတွက် မဆုတ်မနစ် လက်တွဲလုပ် ဆောင် နေပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်စေချင်တယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article