25 C
Yangon

အုတ်ဖို၊ ကျွန်းလှကုန်းရွာမှ အရပ်သားပြည်သူ ကိုအော့ထော့ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး သုသာန်တွင် ပစ်သတ် မြေမြုပ်

Must read

အုတ်ဖို၊ ကျွန်းလှကုန်းရွာမှ အရပ်သားပြည်သူ ကိုအော့ထော့ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး သုသာန်တွင် ပစ်သတ် မြေမြုပ်

ရန်ကုန်၊ မေ ၂၅

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် သရက်နှစ်ဖျားလိန်အုပ်စု၊ ကျွန်းလှကုန်းရွာရှိ ကရင်လူမျိုး ကိုအော့ထော့ကို အကြမ်း ဖက်စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး ထန်းပင်ကုန်းရွာသုသာန်တွင် သေနတ်ဖြင့် ပစ်သတ် မြေမြုပ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁၉ ရက်နေ့တွင် ကိုအော့ထော့ကို PDF များကို ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီး၍ ခြေထောက်ကို သေနတ်များနှင့် ပစ်ခတ်နှိပ်စက်၍ စစ်မေးကာ သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

” ထန်းပင်ကုန်းမှာ ခွေးတွေက အခုအထိ တပ်စွဲထားတုန်း။ ကိုအော့ထော့ကို အိတ်အမည်းထဲ ထည့်ပြီး ဖမ်းခေါ်သွားတာ။ သေနတ်နဲ့ ခြေထောက်တွေကို ပစ်ပြီး မေးတော့ အော်ဟစ်နေတာပဲ။ ခြေထောက်တစ်ဖက်က သူတို့ နှိပ်စက်လို့ ပြတ်လုလုဖြစ်သွားတယ်။ သေနတ်နဲ့ ၈ချက်ပစ်သတ်ပြီး မြေမြုပ်တာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ့သတင်းဌာနသို့ ပြောဆိုသည်။

အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ မီးချောင်းတင်ကျေးရွာနေ အကြမ်းဖက်စစ်တပ် သတင်းပေး ပျူစောထီး သန်းဇော်သည် ကျွန်းလှကုန်းရွာမှ ကိုအော့ထော့နှင့် ချောင်းခွရွာမှ ကိုဝင်းနိုင် ကို PDF များ ထောက်ပံ့နေသည်ဟုဆိုကာ ခမရ ၆ တိမ်မြုပ်တပ်မှ အကြမ်းဖက်စစ်သားများကို သတင်းပေးကာ ဖမ်းခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုဝင်းနိုင်သည် ကြိုတင်သတင်းရ၍ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကိုအော့ထော့မှာမူ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကိုဝင်းနိုင် အိမ်ထဲကို ဝင်မွှေပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေရယ်၊ နွား ၃ ကောင်နဲ့ လှည်း ၁ စီးကိုလည်း စခတွေ ယူသွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်ကို သတင်းပေး၍ ပြည်သူများကို PDF ထောက်ပံ့ဟုဆိုကာ ဖမ်းဆီးခိုင်းသည့် ပျူစောထီး သန်းဇော်ကို မေလ ၂၂ ရက်နေ့တွင် သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ၅ ၏ ဗျူဟာစစ်ကြောင်းမှ ပစ်ခတ်ရှင်းလင်းခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article