25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကြီး နဲ့ အိမ်ခြေ ၃၀၀ ကျော်ကို အကြမ်းဖက် စစ်တပ်နဲ့ရဲတွေက ကျူးကျော်လို့ပြောပြီး ရုတ်တရက် ဝင်ရောက်ဖြိုချ ဖျက်ဆီးသွားသလို ၊ ဗုဒ္ဓရုပ်ပွားတော်ကြီးကို မဖြိုဖို့ သံဃာတော်တွေက တားဆီးခဲ့ကြပေမယ့် စစ်တပ်က ရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်ကစပြီး ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
  • ရုရှား နဲ့ ဘယ်လာရုစ်နိုင်ငံက IL 76 ကုန်တင်လေယာဉ်တွေနဲ့ နေပြည်တော် အေလာ လေတပ်ထဲကို တိုက်ရိုက်ဆင်းသက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ အဆက်မပြတ်ပို့ဆောင်နေတယ်လို့ နေပြည်တော် အေလာလေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံက မရပ်မနား ကြိုးပမ်းလုပ်ဆောင် နေတယ်ဆိုပြီး ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article