25 C
Yangon

တောင်ငူမြို့တွင် ခရိုင် ထွေ/အုပ်က ဦးဆောင် ကျင်းပနေသည့် ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစား ဝိုင်းများကို အသံမိုင်းဖြင့် သတိပေး ဖောက်ခွဲ တိုက်ခိုက်

Must read

တောင်ငူမြို့တွင် ခရိုင် ထွေ/အုပ်က ဦးဆောင် ကျင်းပနေသည့် ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစား ဝိုင်းများကို အသံမိုင်းဖြင့် သတိပေး ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၂၅

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင် ကျင်းပနေသည့် ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစား ဝိုင်းများကို အသံမိုင်းဖြင့် သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြို့ပြ တော်လှန်ရေး အင်အားစု (မတအ) တာဝန်ခံ စစ်သူကြီး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၅ ရက်နေ့တွင် ည ၇ နာရီ ၃၉ မိနစ်ခန့်တွင် တောင်ငူမြို့ အထက ၂ ကျောင်း ဘောလုံးကွင်း၌ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင် ကျင်းပနေသည့် ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစား ဝိုင်းများကို မြို့ပြ တော်လှန်ရေး အင်အားစုမှ ရဲဘော်များက အသံမိုင်းဖြင့် သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ခရိုင်ထွေအုပ်က ဦးဆောင် ကျင်းပနေတဲ့ ပျော်ပွဲရွှင်ပွဲနဲ့ လောင်းကစားဝိုင်းတွေကို အသံမိုင်းနဲ့ သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ မြို့အနီးအနား ပတ်လည်မှာ စစ်ပြေး၊ စစ်ဘေး စစ်ရှောင် စစ်ဒဏ်ခံရသူတွေကို မထောက်ဘဲ ကျင်းပနေတဲ့ပွဲမို့ ကြိုတင် သတိပေး ကြေညာထားတဲ့အတိုင်း အသံမိုင်းနဲ့ ခြောက်လှန့်ဖောက်ခွဲခဲ့ပါတယ်” ဟု မြို့ပြ တော်လှန်ရေး အင်အားစု (မတအ) တာဝန်ခံ စစ်သူကြီး က ပြောဆိုသည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲတွင် ထည့်သွင်းကျင်းပနေသည့် လောင်းကစားဝိုင်းများကို ဖောက်ခွဲ တိုက်ခိုက်ရန် ပြုလုပ်ခဲ့သော်လည်း လာရောက်ဆော့ကစားသူများသည် ကလေးငယ်များပါ ခေါ်ဆောင်လာသောကြောင့် မစ်ရှင် ဖျက်သိမ်း၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း မြို့ပြ တော်လှန်ရေး အင်အားစု (မတအ) တာဝန်ခံ စစ်သူကြီး က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article