25 C
Yangon

အောင်လံမြို့နယ်တွင် မတရား စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ ပြည်သူများထံမှ ငွေညှစ်နေသည့် ပျူစောထီး ခေါင်းဆောင် တင်ဌေး ပစ်ခတ်ခံရပြီး သေဆုံး

Must read

အောင်လံမြို့နယ်တွင် မတရား စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ ပြည်သူများထံမှ ငွေညှစ်နေသည့် ပျူစောထီး ခေါင်းဆောင် တင်ဌေး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၂၆

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် မတရား စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ ပြည်သူများထံမှ ငွေညှစ်နေသည့် ပျူစောထီး ခေါင်းဆောင် တင်ဌေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပျူ‌စောထီး ခေါင်းဆောင် တင်ဌေးသည် အောင်လံမြို့နယ်၊ ကျားမွေးရွာရှိ ၎င်းနေအိမ်ကို ပြန်လည် ရောက်ရှိလာစဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပါးစပ်နှင့် ဝမ်းဗိုက်တို့တွင် သေနတ်ကျည် ၃ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် တင်ဌေးသည် ကျားမွေးရွာရှိ ပြည်သူများကို မတရား စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေညှစ်ခြင်း၊ အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းနေခြင်းနှင့် လောင်းကစား ဝိုင်းများ ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။

“ကျားမွေးကျေးရွာ ပျူစောထီး ခေါင်းဆောင် တင်ဌေး ဒီမနက်အစောပိုင်းမှာ သေနတ်သုံးချက် ပစ်သတ်ခံရ ပါးစပ်ပေါက်ထွက် ၁ ချက် ၊ ဗိုက် ၂ ချက် ဒဏ်ရာနဲ့ သေပြီ အခုထိ နာရေးအတွက် ဘာမှ လုပ်လို့မရဘူး။ စစ်တပ်ကလည်း ရောက်မလာသေး ရဲကလည်းရောက်မလာသေးတော့ ဘယ်သူမှ မထိရဲ မကိုင်ရဲဖြစ်နေတယ်။ ဖုန်းနဲ့ စာရွက်စာတမ်းတော့ သိမ်းဆည်းသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ပျူစောထီး ခေါင်းဆောင် တင်ဌေးသည် ကျားမွေးရွာတွင် နေထိုင်ရဲခြင်း မရှိသောကြောင့် အောင်လံမြို့တွင် တိမ်းရှောင်နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article