25 C
Yangon

ဂန့်ဂေါနှင့် စဉ့်ကူး မြို့နယ်တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၄ ဦးသေဆုံး၊ အသက် ၈ လ နှင့် ၄ နှစ် အရွယ်ကလေး ၂ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရ

Must read

ဂန့်ဂေါနှင့် စဉ့်ကူး မြို့နယ်တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၄ ဦးသေဆုံး၊ အသက် ၈ လ နှင့် ၄ နှစ် အရွယ်ကလေး ၂ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အောင်မြင်(ရှောက်ပင်)ရွာထဲသို့ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၀ တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၈ လနှင့် ၄ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်ခဲ့ရာ အောင်မြင် (ရှောက်ပင်)ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံးပေါ်သို့ အသီးသီး ကျရောက် ပေါက်ကွဲပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၀ အရွယ်နှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့သေဆုံးကာ အသက် ၆၀ အရွယ် အဖွားတစ်ဦး၊ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၈ လအရွယ် ယောက်ျားလေးတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှမရှိပဲနဲ့ လျှောက်ရမ်းပစ်နေတာ။ နေအိမ် ၂ လုံးကလည်း လုံးဝပျက်စီးသွားတယ်၊ အမျိုး သမီးတစ်ဦးဆိုရင် အလောင်းပါ ကောက်မရတဲ့အထိ အစအနပျောက်သွားတာ။ ပထမ တစ်ချက်ပစ် တော့ အမျိုးသးတစ်ဦးသေတယ်။ ဒုတိယတစ်ချက်မှာ အမျိုးသမီး ၂ ဦးထက်ထိသေတာ၊ ဒဏ်ရာရတဲ့ ၄ နှစ်အရွယ်မိန်းကလေးဆိုရင် လက်ဖြတ်ရမယ်လို့ သိရတယ်။ သူတို့ကိုတော့ နီးစပ်ရာ ဆေးအဖွဲ့ တွေက ကူညီပေးထားတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အနီးအနားကျေးရွာများကို လက်နက်ကြီး များဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း ကြိုတင်သတိထားနေထိုင် ပေးကြပါရန် ယောအလင်းတန်းမှ မေတ္တာရပ်ခံထားသည်။

အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ တောင်အင်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် မြေနုကျေးရွာ ကိုပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၀ ကျော်အရွယ် ဒေါ်စန်းရီ သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးဖြစ်သူ ဦးပေါ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article