25 C
Yangon

ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် စစ်သင်္ဘောကို ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်

Must read

ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် စစ်သင်္ဘောကို ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၂၆

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် စစ်သင်္ဘောကို ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စု မန်းကြီး မြစ်အတွင်း အကြမ်းဖက် စစ်တပ် ရေတပ်နှင့် ပျူစောထီးများ ပူးပေါင်း စစ်ကြောင်းထိုးလာသည်ကို တော်လှန်ရေး တပ်ဖွဲ့များက စုံစမ်းထောက်လှမ်းရန် သွားရောက်စဉ် မန်းကြီးမြစ်အနီးတွင် အသင့်စောင့်ဆိုင်းနေသော ပျူစောထီး လှေငယ် ၃ စီးဖြင့် ထိတွေပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း အပြန်အလှန် ပစ်ခတ်မှုသည် မိနစ် အနည်းငယ် ဖြစ်ပွားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကာ ပျူစောထီးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုရှိမရှိ စုံစမ်းနေကြောင်း သိရှိရသည်။

အလားတူ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် PM နာရီ အချိန်တွင် ရှော်တောမော်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော 116 ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင် သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီ ကာကွယ်ရေး ပြောက်ကျား (တနင်္သာရီ-ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article