25 C
Yangon

မြိုင်မြို့နယ်၊ ကိုင်းတောမ စာသင်ကျောင်းမှ ရိက္ခာရှာရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မြိုင်မြို့နယ်၊ ကိုင်းတောမ စာသင်ကျောင်းမှ ရိက္ခာရှာရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ စာသင်ကျောင်းမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၉ ရက် နံနက် ၈ နာရီခန့်က မြိုင်မြို့နယ်၊ ကိုင်းတောမရွာ စာသင်ကျောင်း၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သား ၁၅ ဦးသည် ရိက္ခာပြတ်လပ်နေသဖြင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ ရန် တောင်ဘက်သို့ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးပွဲချင်းပြီး အများအပြားဒဏ်ရာရရှိကာ ပြန် ဆုတ်ပြေးသွားကြောင်း သိရသည်။

“ရိက္ခာပြတ်နေလို့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးဖို့ တောင်ဘက်ကို ထွက်လာတာ။ မီတာ ၄၀ အကွာ လောက်ကနေ အနီးကပ်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် ၂ ဦးသေတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့သူ တွေလည်း အများအပြားရှိတယ်။ သေဆုံးဒဏ်ရာရတဲ့ စခတွေကို ဆွဲပြီး ကိုင်းတောမရွာဘက်ကို ပြန် ဆုတ်သွားတာ၊ ထပ်တိုးဘယ်လောက်သလဲတော့ မသိရသေးဘူး” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Earthquake People’s Defence Forceı Pakokku People’s Defense Force (PPDF)। ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၂ (Young Force UG)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)ı Pakokku Ranger ı Pakokku Hunter ı Pakokku Underground Forces ၊ မြိုင်ပကဖ တပ်ရင်း ၂ နှင့် Justice Revolution Force တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

Young Force – UG တပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်အား အမြစ်ပြတ်ချေမှုန်းနိုင်ရေး အတွက် ယခုထက်ပိုမိုပြင်းထန်သော စစ်ရေးများ ဖော်ဆောင်နိုင်ရန် “အစုံဖြည့်တင်း သူပုန်မြေနင်း မယ်” ကမ်ပိန်းကို ပြုလုပ်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းအားဖြည့် ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article