25 C
Yangon

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ကင်းပတ်ရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ကင်းပတ်ရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ကင်းပတ်ရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ NPRF တပ်ခွဲမှူး ကိုဝေလင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၉ ရက် နေ့လည်ပိုင်းက ချောင်းဦးမြို့နယ်၊ ဘက်စုံခြံမှ အကြမ်းဖက်စစ်သားများသည် မုံရွာ -ချောင်းဦးလမ်းမကြီးပေါ်သို့ ကင်းပတ်ရန် ထွက်ခွာလာစဉ် မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ NPRF နှင့် စည်းလုံးညီညွတ်သော ပြည်သူ့တပ်မတော် – UPA တပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်းမှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

“ဒီကောင်တွေ အငိုက်မိသွားတာ။ အတော်ခံလိုက်ရတယ်။ လမ်းပေါ်မှာ မျက်မြင် ၃ ယောက်ကျ တယ်။ အလောင်းတွေမကောက်ဘူး။ လက်နက်တွေတော့ကောက်ပြီး ပြန်ဆုတ်ပြေးတာ။ လူထက် လက်နက်ကို ပိုပြီးတန်ဖိုးထားပုံပဲ။ ပြီးတော့ ကယ်လို့ရတယ်၊ မကယ်ကြတာ။ အဲလိုတပ်ထဲမှာ နေ မယ့်အစား ပြည်သူ့ကမ်းလက်ကို လှမ်းစေချင်ပါတယ်။ ဒါကို စကစတပ်သားတွေ သိစေချင်တယ်” ဟု မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ NPRF တပ်ခွဲမှူး ကိုဝေလင်းက ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ပွဲဖြစ်သည့် နေရာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းစစ်ကြောင်း ရောက်ရှိနေ သည်မှာ တစ်လနီးပါးရှိပြီး တစ်လအတွင်း ကြေးနီးသယ်ဆောင်ရာ လမ်းကြောင်းကို လုံခြုံရေးယူပေး သည့်အကြမ်းဖက်စစ်သားများနှင့် ထိတွေ့တိုက်ပွဲ ၄ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article