25 C
Yangon

မတူပီမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော ခရိုင်ရုံးကို CDF – မတူပီ တပ်ရင်း ၂ က တိုက်ခိုက် သိမ်းပိုက်

Must read

မတူပီမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော ခရိုင်ရုံးကို CDF – မတူပီ တပ်ရင်း ၂ က တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ မေ ၃၀

ချင်းပြည်နယ်၊ မတူပီမြို့၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ခရိုင်ရုံးကို CDF – Matupi တပ်ရင်း ၂ က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း CDF – Matupi တပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

ယနေ့ မေလ ၃၀ ရက် နံနက်ပိုင်းက မတူမြို့အနီး မတူပီခရိုင်ရုံးတပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ကို CDF – မတူပီ CDF – မတူပီတပ်မဟာ ၂ တပ်ရင်း (vakok တပ်ရင်း) ကအပြီး သတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သိမ်းပိုက်မိတာက မှန်ပါတယ်။ အဲဒီဘက်က ဖုန်းလိုင်းတွေ အခက်အခဲဖြစ်နေလို့ အသေးစိတ်အခြေ သိရဖို့ ဆက်သွယ်မရသေးဘူး။ အသေးစိတ်အခြေအနေကို ပြန်လည် ထုတ်ပြန်ပေးပါ့မယ်” ဟု CDF – Matupi မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ခရိုင်ရုံးမှ အကြမ်းဖက်စစ်သားများသည် မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာဘက်သို့ ထွက်ပြေးသွား ပြီး CDF – မတူပီ တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း၊ CDF – မတူပီ တပ်ရင်း ၂ အ နေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး လိုအပ်လျက်ရှိသော ဆေးဝါး ၊ လက်နက်ခဲယမ်းများနှင့် တိုက်ပွဲအတွင်း စားနပ်ရိက္ခာများ အရေး ပေါ်လိုအပ်လျက်ရှိသဖြင့် ဝိုင်းဝန်းပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article