25 C
Yangon

ရေဖြူမြို့နယ်၊ ခလရ ၄၀၇ တပ်ရင်း မှ အိမ်စီးကားဖြင့် ထွက်လာသည့် ဗိုလ်ကြီးဇင်ဝင့်အောင် ပစ်ခတ် ခံရပြီး သေဆုံး

Must read

ရေဖြူမြို့နယ်၊ ခလရ ၄၀၇ တပ်ရင်း မှ အိမ်စီးကားဖြင့် ထွက်လာသည့် ဗိုလ်ကြီးဇင်ဝင့်အောင် ပစ်ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခလရ ၄၀၇ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် ဗိုလ်ကြီး ဇင်ဝင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်တွင် ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ် ကောင်စီ၏ ခလရ ၄၀၇ တပ်ရင်းမှ ထားဝယ်မြို့ဘက်သို့ အိမ်စီးကားတစ်စီးထွက်လာသော ဗိုလ်ကြီး ဇင်ဝင့်အောင်ကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များက အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှောက်သွားပြီး ဗိုလ်ကြီး ဇင်ဝင့်အောင် မှာ နေရာ၌ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ကားအတွင်းထဲ၌ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦးတို့ကို စီစစ် တွေ့ရှိခဲ့ရာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သား ဗိုလ်ကြီး ဇင်ဝင့်အောင် အသုံးပြုသည့် ကားနှင့်အတူ ပါလာသော သက် သေခံပစ္စည်းများကို စစ်ဆေးနိုင်ရန် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် – DNLA နှင့် ရေဖြူပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ – YPPDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေ သည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြု သွားလာနေ ထိုင်ကြပေး ကြပါရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article