25 C
Yangon

ဖယ်ခုံမြို့နယ်၊ လွယ်ပေါရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ဖယ်ခုံမြို့နယ်၊ လွယ်ပေါရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂

ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်၊ လွယ်ပေါရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ ည ၇ နာရီခန့်တွင် လွိုင်လင်လေး အခြေစိုက် ၅၃၀ အမြောက်တပ်ရင်းက လက်နက်ကြီးများဖြင့် ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ၆ လုံးသည် နေအိမ် ၁ လုံးကို ထိမှန်ခဲ့မှုကြောင့် နေအိမ်အတွင်းရှိ သားအဖ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သော်လည်း ဆေးကုသရန် အချိန်မီ ပို့ဆောင်နိုင်ခဲ့သောကြောင့် အသက်ဘေး အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

“ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကတော့ ဆေးခန်းကို အချိန်မှီပို့ဆောင်နိုင်ခဲ့တဲ့ အတွက် နေအိမ်ထဲမှာ လက်နက်ကြီးကျည်စ ထိမှန်သွားတဲ့ သားအဖ ၂ ဦးကတော့ ဆေးခန်းကို ရောက်သွားတဲ့ အတွက်ကြောင့် မစိုးရိမ်ရတော့ပါဘူး။ စစ်ခွေးတွေက လူထုတွေ အေးအေးချမ်းချမ်းနဲ့ နေနေရတာကို မလိုချင်ဘူး။ တော်လှန်ရေးထဲမှာ လူထုတွေက ပါဝင်ပေါင်းစည်းမှုက အင်အား တစ်ခုဆိုတာ သူတို့သိလို့ လူထုကို အကြောက်တရားနဲ့ ဖိနှိပ်ချင်တယ်။ နောက်ပြီး စစ်ခွေးတွေက ဖယ်ခုံမြို့ထဲမှာပဲ ထိုင်နိုင်တော့တယ်။ ကျန်တဲ့ နေရာတွေမှာ‌တော့ တော်လှန်ရေး ရဲဘော်တွေက ကြီးစိုးမှုတော့ များနေပြီ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ တော်လှန်ရေး မနိုင်လို့ လူထုကို ရှုံးမဲမဲပြီး ရန်ရှာ တာပေါ့” ဟု ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article