25 C
Yangon

ခင်ဦးနှင့် ရေဦး မြို့နယ်တွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

Must read

ခင်ဦးနှင့် ရေဦး မြို့နယ်တွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ ဇွန် ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် နှင့် ရေဦး မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်သည် မိုးရာသီ ရောက်ရှိလာခြင်းကြောင့် ခင်ဦးမြို့နယ်နှင့် ရေဦး မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့်ပြည်သူများသည် မီးလောင်ကျွမ်းရာမှ ကျန်ရှိခဲ့သော သွပ်ပြားများဖြင့် အမိုးအကာ ပြုလုပ်ကာ ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက် နေထိုင်နေသော်လည်း မိုးရာသီ ရောက်ရှိလာသောကြောင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

ယင်း ကျေးရွာများမှာ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကံသစ်ရွာ၊ မြစ်တော်ရွာ၊ သာဂရရွာ၊ မြို့သစ်ရွာ၊ သာဝတ္ထိရွာ၊ မုံလှရွာ၊ အင်းပတ်ရွာ၊ မြင်းဒေါင်းရွာ၊ ရွှေကာရွာ၊ လက်ပံကြီးရွာ၊ သနပ်စိန်ရွာနှင့် ရေဦးမြို့နယ်ရှိ မုတ်စီရွာ၊ ကုန်းတန်းရွာ၊ ကုန်းသာရွာ၊ ရှော်ဖြူရွာ၊ မဲအိုးရွာ၊ ရွာဗုကြီးရွာ၊ မစိုးရိမ်ရွာ၊ ချောင်းဆုံရွာ၊ ဗိုလ်ရုံရွာ၊ စည်သာမြေရွာ၊ ဇေယျဝတီရွာ၊ မကျည်းကုန်းရွာ တို့ဖြစ်ကြောင်း သိရသည်။

“အဲရွာ ၂၀ ကျော်က ရွာလုံးကျွတ် အရှို့ခံရတာတွေကများပြီး နေရပ်မပြန်နိုင်ကြတာတော့ မဟုတ်ဘူး။ ကိုယ့်ရွာထဲကို ပြန်ပြီး ဖြစ်သလို တဲထိုးနေကြရတယ်။ တော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်းမှာ အကူအညီမရကြသေးတဲ့ ပြည်သူတွေကများတာပေါ့။ အကူညီရတဲ့ ရွာတွေက အမြဲတမ်းရနေကြတယ်။ မရတဲ့ရွာတွေက အခုထိ အလှူရှင် မျှော်နေကြရတုန်းပါ။ တဲလေးတွေထိုးပြီး ဖြစ်သလိုနေနေကြရသလို အခုချိန်ထိ အကူညီတစ်ခုမှ မရကြသေးတဲ့ ကျေးရွာနေ ပြည်သူလူထုက စားနပ်ရိက္ခာ မိုးကာ အကူညီတောင်းခံကြတာပါ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

မီးဘေးသင့် ပြည်သူများကို ကူညီလှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) တယ်လီဂရမ်ကို https://t.me/mothersson122021 ၊ Telegram: Contact @mothersson122021 ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article