25 C
Yangon

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ရွာရှိ စစ်တပ် ဂိတ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ရွာရှိ စစ်တပ် ဂိတ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ရွှေညာမြေ PDF ပြန်ကြားရေး တာဝန်ခံ ကို ZPK က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အရှေ့ဘုန်းကန်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဂိတ်စခန်းရှိ ဘန်ကာအနီး ဗုံးသီး ၅ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ အထိအခိုက်ရှိ သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

” စစ်ခွေးတွေ အထိအခိုက်တော့ ရှိတယ်။ ငါးလုံးဆက်တိုက် သူတို့စခန်းထဲ ကျတာ အသေစာရင်းတော့ မသိရသေးဘူး” ဟု ရွှေညာမြေ PDF ပြန်ကြားရေး တာဝန်ခံ ကို ZPK က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Myaing Air Fighter PDF၊ မြိုင်ပကဖ၊ PKU N PDF နှင့် ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ (Shwe Nyar Myae) တို့က ပူးပေါင်း ဖော်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article