25 C
Yangon

ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်၊ ဝိန့်စိန်နှင့် အကယ်ဒမီ ရွှေလုပ်ငန်း အပါ အဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်

Must read

ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်၊ ဝိန့်စိန်နှင့် အကယ်ဒမီ ရွှေလုပ်ငန်း အပါ အဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်

■ စစ်ကောင်စီက ကောင်းရောင်းကောင်းဝယ် စီးပွားရေးသမားများကိုပါ ပစ်မှတ်ထား ချိတ်ပိတ်လာသော်လည်း စစ်ကောင်စီဝန်ကြီး သက်သက်ခိုင်၏ ရွှေနန်းတော် ရွှေဆိုင်၊ စစ်ဗိုလ်ချုပ်များနှင့်ပတ်သက်သော ရွှေဆိုင်များမပါဝင်

ရန်ကုန်၊ ဇွန် ၂

ပြည်တွင်းတွင် ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်နှင့် အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း အပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ယနေ့ ဇွန်လ ၂ ရက်နေ့ညပိုင်း ဖမ်း၀ရမ်းထုတ်ပြန်သည်။

ပြည်တွင်းတွင် မေလ ၃၀ ရက်နေ့ အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၅၉ သိန်းအထိ မြင့်တက်သွားချိန်တွင် စစ်ကောင်စီက ရွှေကုန်သည်နှင့် ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဟုဆိုကာ ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ုလိက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်သူများတွင်

၁- အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း။

၂-ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း။

၃-အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း ဦးမျိုးသူဝင်း။

၄-ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကောင်းမြတ်။

၅-စိန်ကျော်မိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်း။

၆-ခရမ်းသုံးခွ ရွှေဆိုင်ပိုင်ရှင် ဦးသက်နောင်ဝင်း။

၇-ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်း ရှင် ဦးအေးကြူ။

၈-ဦးကျော်ဝင်း(ခ)ပန်းသီး ရွှေကုန်သည်။

၉-ဦးညီညီဦး(ခ) ချက်ကြီး ရွှေကုန်သည်။

၁၀-ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင် ရွှေကုန်သည်တို့ကို ဖမ်း၀ရမ်းထုတ်ထားကြောင်း စစ်ကောင်စီက ကြေညာသည်။

“အခု လာဖမ်းတာကို အိမ်မှာမရှိလို့ဆိုပြီး ရွှေဆိုင်နဲ့ အိမ်တွေပါ ချိတ်လိုက်ပိတ်နေပြီ။ ဒါက တမင် အနိုင်ကျင့်တာလိုဖြစ်နေပြီ။ ရွှေစျေးဆိုတာ စျေးကွက်ဝယ် လိုအားနဲ့ ရောင်းလိုအားနဲ့သွားတာပါ။ နိုင်ငံရေးလုပ်တာလည်းမဟုတ်ဘဲနဲ့ ကောင်း ရောင်းကောင်းဝယ်လုပ်စားနေသူ စီးပွားရေးသမားတွေကိုပါ အနိုင် ကျင့်တာ” ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။

စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားသူ ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို ဖမ်းဆီးရရှိရန်အတွက် လျှို့ ဝှက်စွာ သတင်းပေးရန် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီက ရွှေဆိုင်ပိုင်ရှင်များကို ဖမ်း၀ရမ်းထုတ်သော်လည်း စစ်ကောင်စီခန့် ဝန်ကြီး သက်သက်ခိုင်၏ ရွှေဆိုင် ရွှေနန်းတော်၊ စစ်ဗိုလ်ချုပ်များနှင့်ပတ်သက်သော ရွှေဆိုင်များကိုမူ တစ်စုံတစ်ရာ အရေး ယူ ခြင်းမရှိဘဲ ဆက် လက်လုပ်ကိုင်ခွင့်ပြုထားသည်ကို တွေ့မြင်ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article