29 C
Yangon

ငပလီမြို့၊ ဂေါ့ရပ်ကွက် အနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

Must read

ရန်ကုန်၊ ဇွန် ၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက် အနီး AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်မှ စတင်ကာ သံတွဲမြို့နယ်၊ ဂေါ့ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ ဇွန်လ ၃ ရက်နေ့ထိ တိုက်ပွဲပြင်းနေကာ အကြမ်းဖက် စစ်တပ်က ရေကြောင်း၊ လေကြောင်း ပစ်ကူများဖြင့် ပြန်လည် တိုက်ခိုက်နေကြောင်း သိရသည်။

“မနေ့က ညနေ ၄ နာရီ လောက်တည်းက ဂေါ့ရွာဘက်မှာ တိုက်ပွဲက စဖြစ်တာ တိုက်ပွဲက ပြည်သူတွေက ည ၇ နာရီခန့်လောက်ကမှ နေအိမ်အပေါ် ကျည်တွေကျလို့ တိုက်ပွဲဖြစ်တာကို သိကြရတယ်။ ပြည်သူတွေက စစ်တပ် လက်နက်စမ်းပြီး ပစ်နေတယ်ပဲထင်တာ မနေ့က ည ၁၁ နာရီကျော်မှာတော့ တိုက်ပွဲရပ်သွားတယ်။ တိုက်ပွဲက လက်နက်ကြီးပစ်ကူ၊ ရေကြောင်းပစ်ကူတွေပါ ပါဝင်တယ်။ ၁၁ နာရီကျော်ခန့်လောက်မှာ ပြင်းပြင်းထန်ထန်ကို ဖြစ်တာ အခုတော့ ပြန်ငြိမ်နေတယ်။ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်ဗုံးကျဲတယ်” ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး လေယာဉ်များ ဂေါ့ရပ်ကွက် အနီး ပျံဝဲနေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article