25 C
Yangon

ခင်ဦးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသော တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ခင်ဦးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသော တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

■ စစ်တပ်က ပစ်ခတ်မှု ဖြစ်ပွားရာနေရာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသော တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦးကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ခင်ဦးမြို့ပေါ်ရှိ ဆေးရုံကြီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ တပ်ရင်းမှူး ၁ ဦး နှင့် တပ်သား ၁ ဦး ဆိုင်ကယ် ၁ စီးဖြင့် ခင်ဦး မြို့မဈေးဘက်ကို ထွက်လာစဉ် မြို့ပေါ် UG ရဲဘော်များ၊ ပကဖ ရဲဘော်များ နှင့် LDF ရဲဘော်များက အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးထံမှ MA-1 သေနတ် ၁ လက်၊ ဆိုင်ကယ် – ၁ စီး နှင့် ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

“နောက်ဆက်တွဲအနေနဲ့ ပစ်ခတ်မှုဖြစ်တဲ့ ခင်ဦး ဆေးရုံ မီတာ ၁၀၀ ဝန်းကျင်က စစ်ခွေးတွေက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့နေတယ်။ ပြည်သူ ၅ ဦးလည်း ဖမ်းခံထားရပါတယ်” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article