25 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေး ယူနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၆ ဦး သေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေး ယူနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၆ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေး ယူနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၆ ဦး သေဆုံးခဲ့ကြောင်း Taw Twin Tup Pee Local PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေး ယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း ပစ်ခတ် တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ အနည်းငယ် ထိခိုက်မှုရှိပြီး M 22 သေနတ် ၁ လက်၊ M16 A4 သေနတ် ၁ လက်၊ ကား ၁ စီး၊ ကျည်ဘောက် ၅ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ 7.62 ကျည် ၄၀ တောင့်နှင့် 5.56 ကျည် ၁၅၀ တောင့် တော်လှန်ရေး ရဲဘော်များဘက်မှ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Taw Twin Tup Pee Local PDF အဖွဲ့နှင့် Generation Z Powre-GZP (Mandalay) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article