တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသရှိ တောင်ညို စစ်ကြောင်းမှ ရဲဘော်များ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲပြုလုပ်
ရန်ကုန်၊ ဇွန် ၃
အမျိုးသား ညီညွှတ်ရေး အစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ရှိ တောင်ညိုစစ်ကြောင်းမှ ရဲဘော်များ အပတ်စဉ် ၁ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်း ဆင်းပွဲကို မေလ ၃၀ ရက်နေ့၌ ရှေ့တန်း စစ်မြေပြင် တစ်နေရာတွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း အခမ်းအနားကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တပ်ရင်း ၂၇ မှ ဒုရင်းမှူး၊ တောင်ပိုင်းစစ်ဒေသ တာဝန်ခံများ အပါအဝင် သင်တန်း ပြုလုပ်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးခဲ့ကြသော ထောက်ပို့ပြည်သူများမှလည်း တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2024/06/442440816_818107757083499_1898558053746008015_n.jpg)
![](https://yktnews.com/wp-content/uploads/2024/06/444959983_818107740416834_6549532516329252232_n.jpg)
![](https://yktnews.com/wp-content/uploads/2024/06/447677557_818107773750164_6021519063489854459_n.jpg)