25 C
Yangon

မင်းလှမြို့နယ်၊ ရိုးမ ဖြတ်လမ်းရှိ ဇာမဏီတံတားနှင့်း သဗြုချောင်းတံတားအနီး တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦး သေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံး

Must read

မင်းလှမြို့နယ်၊ ရိုးမ ဖြတ်လမ်းရှိ ဇာမဏီတံတားနှင့်း သဗြုချောင်းတံတားအနီး တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦး သေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ ဇွန် ၃

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ရိုးမဖြတ်လမ်းရှိ ဇာမဏီတံတားနှင့်း သဗြုချောင်းတံတားအနီး တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က မင်းလှမြို့နယ်၊ မြိုချောင်း – စိန်ကန့် လန့် ရိုးမ ဖြတ်လမ်း ဇာမဏီတံတားအနီးရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ယာယီ စခန်းကို ဇာမဏီချောင်းထဲမှ စစ်ကြောင်းထိုး တက်လာသည့် အကြမ်းဖက် စစ်သားများကို ခုခံတိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“ကားလမ်းက လာမယ်ထင်ပြီးစောင့်နေတုန်း ဇာမဏီချောင်းထဲကနေ ဒရုန်းတွေ အရင်လွှတ် လက် နက်ကြီးတွေနဲ့ ထုပြီး တက်လာကြတာ၊ အဲဒီမှာ ကျနောတို့တွေ အလစ်အငိုက်ခံလိုက်ရတာ။ အပြန် အလှန်ပစ်ကြတာမှာ ကျနော်တို့ဘက်က သေနတ် ဂျမ့်ဖြစ်ပြီး ကျည်မထွက်ဖြစ်နေတုန်း အတင်း တက်လာတာကြောင့် ဆုတ်ပေးလိုက်ရတာ။ ကျည်ကလည်း အားနည်းတော့ ချွေတာပစ်ရတဲ့အတွက် အခုလိုဖြစ်သွားတာပါ၊ ဆိုင်ကယ် အစီး ၃၀ ကို မီးရှို့ပြီး ရိက္ခာသယ်တဲ့ကားကိုတော့ ပြန်သုံးမရအောင် ထုချေဖျက်ဆီးပစ်ခဲ့တယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ဘက်မှ လက်နက်ကြီးများအပြင် ဒရုန်းများ အသုံးပြု တိုက် ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ကျည်နှင့်ခဲယမ်းမလုံလောက်မှုကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရကာ စခန်းရှိ ဆိုင်ကယ် အစီး ၃၀ ၊ ရိက္ခာသယ် ကား ၂ စီး ဆုံးရှုံးခဲ့ရ ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း သဗြုချောင်းတံတားအနီးသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် တပ်ရင်း ၃ တပ်ခွဲ ၃ မှ ရဲ ဘော်များ ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ ပြီး အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂ ရက်နေ့ပွဲကတော့ ရန်ကုန်အဖွဲ့နဲ့ပေါင်းပြီး တိုက်တာမို့ ပြင်ဆင်ချိန်ရခဲ့တဲ့အတွက် စခ ၇ ဦးသေ အောင် ဆော်နိုင်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ကျနော်တို့ တပ်ဖွဲ့ကို ကျည်ဝယ်ယူနိုင်အောင် ထောက်ပံ့ကူညီပေးဖို့ အနူးအညွတ်တောင်ဆိုပါတယ်။ MOD အနေနဲ့လည်း တကယ်မြေပြင်မှာ အသက်ပေးပြီး တကယ်တိုက်နေတဲ့ ကျနော်တို့အဖွဲ့ကို လက်နက်ခဲယမ်းကျည်တွေ ထောက်ပံ့ပေးဖို့ အထူးတောင်းဆိုပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပဲခူးရိုးမအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ရိုးမ အ တွင်း သွားလာမှုများ မပြုလုပ်ကြရန်နှင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်နိုင်ရန် ဝိုင်းဝန်း ထောက်ပံ့ကူညီပေးကြပါရန် သာယာဝတီခရိုင် PDF မှာ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article