25 C
Yangon

ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ပွဲစားလုပ်ရောင်းချသူ ၂ ဦးနှင့် ကွန်ဒိုဝယ်သူယူ ၃ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ပြန်၊ ကွန်ဒိုဝယ်ယူသူများကို ထိုင်းနိုင်ငံတွင် ဘဏ်ငွေစာရင်းဖွင့်လှစ်ပြီး ဟွန်ဒီငွေလွှဲပြောင်းမှုဖြင့် ပုဒ်မတပ်

Must read

ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ပွဲစားလုပ်ရောင်းချသူ ၂ ဦးနှင့် ကွန်ဒိုဝယ်သူယူ ၃ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ပြန်၊ ကွန်ဒိုဝယ်ယူသူများကို ထိုင်းနိုင်ငံတွင် ဘဏ်ငွေစာရင်းဖွင့်လှစ်ပြီး ဟွန်ဒီငွေလွှဲပြောင်းမှုဖြင့် ပုဒ်မတပ်

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်မြို့တွင် ထိုင်းနိုင်ငံမှ ကွန်ဒိုများကို အရောင်းပြပွဲဖြင့် ရောင်းချသူ ၂ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်လိုက်ပြီး ကွန်ဒိုဝယ်ယူထားသူ ၃ ဦးကိုလည်း ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက ယနေ့ညပိုင်း တရားဝင်သတင်းထုတ်ပြန်သည်။

ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားသော မင်းသူကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ မင်းသူကျော်တို့ကို ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ပြည်တွင်းတွင် ရောင်းချပွဲများ ပြုလုပ်ပြီး ဆီဒိုနားဟိုတယ်တွင် အရောင်းပြပွဲ ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ဒါရိုက်တာဦးအောင်ကျော်ထွန်းကို ဖမ်းဆီးရရှိခဲ့ပြီး အထွေထွေမန်နေဂျာ ဦးမင်းသူကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း စစ်ကောင်စီက ဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူ ၃ ဦးကိုလည်း တရားမဝင် ပြည်ပတွင် ငွေစာရင်းဖွင့်လှစ်၍ ငွေလွှဲပြောင်းမှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။

မြန်မာနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူများ၏ နောက် ကြောင်း ရာဇဝင်၊ ဝင်ငွေရလမ်းနှင့် အခွန်ဆောင်ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) က လုပ်ဆောင်နေကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုခဲ့သည်။

ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ပထမ ၄ လပတ်အတွင်း မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ထိုင်းဘတ်ငွေ ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၃၉၂ ခန်း ဝယ်ယူခဲ့ပြီး ထိုင်းကွန်ဒိုများကို ဝယ်ယူသည့် နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသားများက ဒုတိယအများဆုံး ကွန်ဒိုဝယ်သူများ ဖြစ်လာသည်ဟု ထိုင်းသတင်းမီဒီယာများက ဖော်ပြခဲ့ကြောင်း၊ ထိုသို့ မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ဒုတိယအများဆုံး ကွန်ဒိုအခန်းဝယ်ယူသူများဖြစ်လာမှုအပေါ် စုံစမ်းစစ်ဆေးရန် တွေ့ရှိချက်များကို တင်ပြရန် ပြည်ထဲရေးဝန်ကြီးဌာနက စသုံးလုံးကို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article