25 C
Yangon

ရေစကြိုတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ရေစကြိုတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွက်ကြီးကျေးရွာနှင့် အလယ်သောင်ကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂ ရက် ညနေ ၄ နာရီ မိနစ် ၄၀ အချိန်ခန့်က ပခုက္ကူတပ်မ ၁၀၁ ၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူစောထီးကျေးရွာနှင့် ဂွေးချိုပျူ‌စောထီးကျေးရွာမှ အကြမ်းဖက်စစ်သား ၊ ပျူစောထီးများ ပူးပေါင်းပြီး အင်အား ၄၀ ခန့်ဖြင့် ခြေလျင်ထွက်လာသော စစ်သားများကို ဂွက်ကြီးကျေးရွာနှင့် အလယ်သောင်ကျေးရွာကြားအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ ကြောင်း သိရှိရသည်။

“ပခုက္ကူတပ်မ ၁၀၁ ကလည်းပါတယ်။ ဆင်ချောင်းနဲ့ ဂွေးချိုပျူရွာက ကောင်တွေလည်းပါတယ်။ အားလုံး ၄၀ လောက်စစ်ကြောင်းတက်လာတာပေါ့၊ အဲဒါကို အသင့်စောင့်ဆိုင်းပြီးတိုက်ခိုက်ခဲ့တာ။ တစ်ကောင်ကတော့ မျက်မြင်သေဆုံးတယ်။ တိုက်ပွဲထဲမှာ ခွေးတစ်ကောင်ဆွဲတာ မျက်မြင်ပဲတွေ့ခဲ့ ရတာ။ ခွေးစစ်ကြောင်းကတော့ ရှေ့ဆက်ထွက်သွားတာ။” ဟု ရေစကြိပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများ အသုံးပြုသော G3 ကျည် ဘောက် ၁ ခု၊ G3 ကျည် ၁၀ တောင့်နှင့်အီကွေ့မင့်တစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article