28 C
Yangon

နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ကျေးရွာ ၄ ခုကို မီးတင်ရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နဘူးတောတောင်ရွာ၊ နဘူးတောမြောက်ရွာ၊ ဖောင်ချင်းရွာနှင့် အကျည်းကုန်းကျေးရွာတို့ကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသ နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန် ၆ ရက်နေ့ နွားထိုးကြီးမြို့နယ်အတွင်း လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခြင်းတို့လုပ်ဆောင်ခံခဲ့ရကြောင်း၊ စစ်တပ်က အထိနာသွားပြီးနောက် အပြစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာ ၄ ရွာမှ နေအိမ်မည်မျှ မီးလောင်ဆုံးရှုံးခဲ့သည်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ကျနော်သိတာတော့ ကျေးရွာ ၄ ရွာဗျ။ နဘူးတောတောင်ရွာ၊ မြောက်ရွာရယ်၊ ဖောင်ချင်းမြောက်၊ မကျည်းကုန်းရယ် ၄ ရွာကို မီးရှို့သွားတာ၊ နဘူးတော တောင်ရွာကတော့ တော်တော်ကုန်သွားတယ်။ အိမ်ခြေဘယ်လောက်ဆိုတာတော့ ပြောရခက်နေသေးတယ်။ အတိအကျ မသိရသေးဘူး။ ပြည်သူ တွေ ဖမ်းဆီးခံရတာမျိုးတော့ မကြားမိသေးဘူး။ သူတို့ စစ် ကြောင်းထိုးတော့ နွားထိုးကြီးတပ်ရင်းက ဒရုန်းတွေနဲ့ တိုက်ခိုက်တာတော့ရှိတယ်။ ဘယ်တပ်ကလည်း ဘယ်သူတွေပါလဲတော့ တိတိကျကျ မသိရသေးဘူး။ နွားထိုးကြီးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတာတော့ ကြာပြီ။ ဟိုသွားလိုက် ဒီသွား လိုက်နဲ့ စစ်ကြောင်းထိုးနေတာ။” ဟု ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းမှာ နွားထိုးကြီးမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး ရောက်ရှိနေပြီး ဝက်လူးရဲစခန်းနှင့် နွားထိုးကြီးမြို့ပေါ်တွင် အကြမ်းဖက်စစ်သား အများအပြား အင်အားတိုးထား ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article