25 C
Yangon

တနင်္သာရီမြို့နယ်၊ ခမရ ၅၆၁ တပ်ရင်းမှ တပ်သား ၁ ဦး အထက် အရာရှိများ၏ ဖိနှိပ် ညှင်းပန်းနှိပ်စက်မှုများကြောင့် ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံးစီရင်

Must read

တနင်္သာရီမြို့နယ်၊ ခမရ ၅၆၁ တပ်ရင်းမှ တပ်သား ၁ ဦး အထက် အရာရှိများ၏ ဖိနှိပ် ညှင်းပန်းနှိပ်စက်မှုများကြောင့် ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံးစီရင်

ရန်ကုန်၊ ဇွန် ၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းမှ တပ်သား၁ ဦးအထက် အရာရှိများ၏ ဖိနှိပ် ညှင်းပန်းနှိပ်စက်မှုများကြောင့် ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံးစီရင် သွားကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန် ၇ ရက် နံနက် အစောပိုင်း ၁ နာရီခန့်က တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းမှ ညောင်ပင်ကွင်းတံတားစစ်‌ဆေးရေးဂိတ်တွင် တာ ဝန်ကျနေသူ တပ်သား စိုင်းကိုသည် ၎င်း၏ အထက်အရာရှိများ၏ ဖိနှိပ်ညှင်းပန်းနှိပ်စက်မှုများကို မခံ နိုင်တော့သဖြင့် ကိုယ့်သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းမှ တပ်တွင်းအရာရှိများသည် လက်အောက်ငယ်သား များအပေါ် ညှင်းပန်းနှိပ်စက်မှုများ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပြီး ထွက်ပြေးကြသူများလည်း ရှိ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့လည်း အဆိုပါ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ် ရင်း လက်အောက်ခံ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်မှ ပြည်သူ့စစ်တစ်ဦးသည် AK သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၈ ယူဆောင်ကာ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တော် တပ်ရင်း ၂ ထံတွင် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

Myanmar’s soldiers walk near the congress compound in Naypyitaw, Myanmar, February 2, 2021. REUTERS/Stringer NO RESALES NO ARCHIVES
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article