25 C
Yangon

ရေဖြူမြို့နယ်တွင် စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးပြီး ကလေး ၁ ဦးအပြင်းအထန်ဒဏ်ရာရ

Must read

ရေဖြူမြို့နယ်တွင် စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးပြီး ကလေး ၁ ဦးအပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရဘူးရွာသစ်ကို အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈ လသားအရွယ် ကလေးငယ် ၁ ဦးအပါအဝင်မိသားစုဝင် ၃ ဦး သေဆုံးခဲ့ပြီး အခြားကလေးငယ် ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ရေဖြူမြို့နယ်၊ ရဘူးရွာသစ်ကို အကြမ်းဖက် စစ်ကောင် စီ၏ ရေတပ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူလူထုနေထိုင် ရာ နေအိမ်များပေါ်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသော နေအိမ် တစ်လုံးတွင် လင်မယား ၂ ဦးနှင့် လ သားအရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ရေတပ်ကနေ ပစ်လိုက်တာ ။ အိမ်ထောင်ဦးစီးဖြစ်တဲ့အမျိုးသားက နေရာမှာပင်ပွဲချင်းပြီး ဆုံးသွားတယ်၊ ဇနီးဖြစ်တဲ့အမျိုးသမီးကတော့ ဆေးကုဖို့ ပို့တဲ့လမ်းမှာပဲ ဆုံးသွားတယ်။ အငယ်လေး လသားအရွယ်ကလေးပေါ့၊ သူကတော့ ဆေးကုတဲ့နေရာမှာပဲ ဆုံးသွားတယ်။ မိသားစု ၄ ယောက်မှာ ၉ နှစ် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်ပဲ ကျန်တာပေါ့၊သူကလည်း နည်းနည်းစိုးရိမ်ရတယ်ဗျ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်သူလူထု နေထိုင်ရာ ကျေးရွာများပေါ်သို့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ နံနက် ၁၀ နာရီမှ စတင် ၍ ညနေ ၃ နာရီအထိ အကြမ်းဖက်စစ်ကောင်စီ ရေတပ်မှ ရဘူးရွာသစ်ကို လက်နက်ကြီးဖြင့် ၆ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article