25 C
Yangon

ရေဦးမြို့ရှိ စစ်ကောင်စီဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်၊ တောင်သာတွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးဒဏ်ရာရ

Must read

ရေဦးမြို့ရှိ စစ်ကောင်စီဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်၊ တောင်သာတွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း က သတင်းထုတ်ပြန်သည်။

ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန် အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသော ရေဦးမြို့၊ ဂါဝီဂိတ်စခန်းကို ရွှေဘိုခရိုင် အမှတ် ၁၄တပ်ရင်း နှင့် ရေဦး PDF က Fixed Wing Drone ၂ စီးဖြင့် ဗုံး ၃ လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိပြီး အသေးစိတ် အချက်အလက်များကို ဆက်လက်စုံစမ်းထောက်လှမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်း တောင်သာရဲစခန်းနှင့် တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံး ၆ ကြိမ် ကျဲချခဲ့ပြီး ဇွန်လ ၅ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်အချိန် တောင်သာမြို့နယ်၊ မကျီးရိုးစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံး ၆ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDFက သတင်းထုတ်ပြန်သည်။

ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဖြစ်စဉ်များတွင် တောင်သာရဲစခန်းမှ နန်းတည် အုပ်ချုပ်ရေးမှူး ၊ရဲ ၄ ဦးနှင့် ရဲမေ ၂ ဦး ၊ ထွေ/အုပ် ဝန်ထမ်း ၃ယောက် ဒဏ်ရာရရှိကြောင်း၊ မကျီးရိုးစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှုတွင် စစ်သား ၁ ဦး သေဆုံးပြီး ရဲ ၁ ဦးနှင့် စစ်သား ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးတိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF နှင့် အတူ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ တောင်သာမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article