25 C
Yangon

စစ်ကိုင်းမြို့နယ်တွင် ကြေးနီကားများကို လုံခြုံရေး ယူပေးသည့် စစ်ကားနှင့် မိုင်းရှင်းနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၉ ဦး သေဆုံး

Must read

စစ်ကိုင်းမြို့နယ်တွင် ကြေးနီကားများကို လုံခြုံရေး ယူပေးသည့် စစ်ကားနှင့် မိုင်းရှင်းနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၉ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ကြေးနီကားများကို လုံခြုံရေး ယူပေးသည့် စစ်ကားနှင့် မိုင်းရှင်းနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၉ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့တွင် နံနက် ပိုင်းတွင် မုံရွာမြို့နယ် ကြေးနီမိုင်းမှ ထွက်လာသည့် ကြေးနီ သယ်ဆောင်လာသော ကားများနှင့် လုံခြုံရေး ယူပေးရန် လိုက်ပါလာသည့် စစ်ကားများကို နယ်စည်းမခြား စစ်ကိုင်သားများအဖွဲ့နှင့် SGG -Eagle အဖွဲ့တို့က စစ်ကိုင်းမြို့နယ် အုန်းတောရွာနှင့် နက်ခရိုင်းရွာ အကြားတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကြေးနီယာဉ်တန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ၁၁ စီးမြောက်ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော နေရာကို အကြမ်းဖက် စစ်တပ်က မိုင်းရှင်းရန် အိမ်စီးကား ၃ စီးဖြင့် ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ စစ်ခွေးတွေကို နာရေးကား ၂ စီးနဲ့ သယ်ဆောင်သွားတယ်။ မိုင်းထိပြီး ကျန်ခဲ့ကားကိုတော့ ညနေပိုင်းမှာ လာပြင်ပြီး စစ်ခွေးတွေ ပြန်ယူသွားတယ်။ မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီး နဲ့ လာတဲ့ စစ်ခွေးတွေကို မိုင်းဆွဲတာတော့ ၁ ကောင်သေပြီး ၃ ကောင်ဒဏ်ရာရတယ်လို့ အတည်ပြုနိုင်တယ်” ဟု နယ်စည်းမခြား စစ်ကိုင်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article