25 C
Yangon

တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံး ဒရုန်း ရာပေါင်းများစွာ ကို စစ်ကောင်စီက စစ်ဆင်ရေးများ အတွက် ဝယ်ယူပြီး ဗုံးတပ်ဆင် အသုံးပြုရန် တပ်ရင်းများသို့ ဖြန့်ဝေ

Must read

တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံး ဒရုန်း ရာပေါင်းများစွာ ကို စစ်ကောင်စီက စစ်ဆင်ရေးများ အတွက် ဝယ်ယူပြီး ဗုံးတပ်ဆင် အသုံးပြုရန် တပ်ရင်းများသို့ ဖြန့်ဝေ

ရန်ကုန်၊ ဇွန် ၁၀

အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံး ဒရုန်းစင်းရေ ရာပေါင်းများစွာကို စစ်ရေးဆိုင်ရာ စစ်ဆင်ရေးအတွက် ဝယ်ယူပြီး ဗုံးတပ်ဆင် အသုံးပြုရန် တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဝေ လျက်ရှိ ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသ တစ်ခုလုံးကို ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ပွဲဝင်ခြင်း၊ စစ်ဆင်ရေး ဆောင်ရွက်ခြင်းများကို တိုးချဲ့ဆောင်ရွက်နေကြောင်း၊ ဒရုန်းတပ်ဖွဲ့များဖွဲ့စည်းခြင်း၊ ဒရုန်းမောင်းနှင် သင်တန်းများ ပို့ချခြင်း အပါအဝင် ဒရုန်းဖြင့် တိုက်ခိုက် ဗုံးကျဲမှုများ လုပ်ဆောင်ရန် အကြီးအကျယ် ကြိုးစားလာကြောင်း၊ စစ်ကောင်စီတပ်များတွင် ဒရုန်းများကို ဝယ်ယူတပ်ဆင်ရာတွင် စစ်ဘက်သုံး ဒရုန်းများနှင့် စိုက်ပျိုးရေးသုံး ဒရုန်းများကိုပါ တွဲဖက်ဝယ်ယူ၍ နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီတပ်ရင်းများသို့ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

“ဒရုန်းတွေ တောက်လျှောက်ဝယ်ယူ ဖြန့်ဝေနေတဲ့နေရာမှာ အားလုံးက စစ်ဘက်သုံးတွေချည်းမဟုတ်ဘူး။ စိုက်ပျိုးရေးသုံး ဒရုန်းတွေလည်းအများကြီးပါနေတယ်။ ရာချီတယ်။ အဲဒီစိုက်ပျိုးရေးဒရုန်းတွေမှာ ဗုံးတပ်ဆင်ပြီး သုံးလို့ရအောင် တိုက်ခိုက်လို့ရအောင်အထိ ပြန်ပြီး Modify လုပ်တယ်။ ဒရုန်းတွေကို ဝယ်တာတော့ တရုတ်ကရော အိန္ဒိယရောပဲ။ တရုတ်က ပိုများတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ရှမ်းမြောက်ဒေသသို့ ဒရုန်းစင်းရေ ၄၀၀ ၊ ရခိုင်ဒေသသို့ ဒရုန်းစင်းရေ ၃၀၀ နှင့် အခြားပြည်နယ်/တိုင်း စစ်မြေပြင်များသို့လည်း စစ်ကောင်စီက ဒရုန်းများ ဖြန့်ဝေနေကြောင်း၊ ယင်းသို့ ဖြန့်ဝေသည့် ဒရုန်းများတွင် တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံးဒရုန်းအများအပြားလည်း ပါဝင်ကြောင်း သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတချို့ကလည်း ဒရုန်းဗုံးများကို အထူးစီမံချက်ဖြင့် ထုတ်လုပ်နေပြီး ဗုံးလုံးရေ ထောင်ချီ၍ ဒရုန်းများနှင့်အတူ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- တရုတ်လုပ် စိုက်ပျိုးရေးသုံးဒရုန်းများကို အနည်း ငယ် ပြန်လည်ပြုပြင်ကာ ဗုံးသီးတပ်ဆင်တိုက်ခိုက်နိုင်သော တိုက်ခိုက်ရေး ဒရုန်းများအဖြစ် စစ်တပ်က အသုံးပြုနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article