25 C
Yangon

ယင်းမာပင်နှင့် မတ္တရာမြို့နယ်ထဲရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ယင်းမာပင်နှင့် မတ္တရာမြို့နယ်ထဲရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းနှင့် လမ်းလုံခြုံရေး ယူနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ယင်းမာပင်မြို့နယ် အတွင်းရှိ အမှတ် ၂၈ ရဲတပ်ရင်းနှင့် မုံရွာ-ပုသိမ် လမ်းပိုင်းတွင် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အမှတ် ၂၈ ရဲတပ်ရင်းရှိ အရာရှိဆောင် ၄ လုံး၊ လက်နက်တိုက်၊ သုံးပွင့်ဗိုလ် အစည်းအဝေး လုပ်နေသည့်ခန်းမနှင့် ဂိတ်အထွက် ဘန်ကာ ၁ လုံးတို့ အမိုးပွင့်ထွက် ပျက်စီးသွားကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၆၀ မမ လက်နက်ကြီး ၇ လုံး ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ ၊ ဆားလင်းကြီးမြို့နယ် ပကဖ ၊ မြင်းခြံခရိုင် တပ်ရင်း-၁ “Urban Underground Revolution Force(YSO) ၊ “Royal Pakokku underground နှင့် ဆင်ရိုင်းရာဇာ (မြိုင်) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မန္တလေး-မိုးကုတ် လမ်းပိုင်းတွင် ပိုက်ဆံ တောင်းရမ်းနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ကံ‌ဖြူကျေးရွာအရှေ့ဘက်ရှိ တံတားဖြူတံတား (မန္တလေး-မိုးကုတ်လမ်း) အနီးတွင် ပိုက်ဆံ‌တောင်းရမ်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article