25 C
Yangon

မြောက်ဥက္ကလာမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးကို ဗုံးခွဲတိုက်ခိုက်မှု ယာဉ်ထိန်းရဲ ၂ ဦး ပြင်းထန်ဒဏ်ရာရ

Must read

မြောက်ဥက္ကလာမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးကို ဗုံးခွဲတိုက်ခိုက်မှု ယာဉ်ထိန်းရဲ ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၁ ရက် ည ၈ နာရီ ၅ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ စိန်ပန်းမြိုင် ရဲရိပ်သာ ယာဉ်ထိန်းရဲရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခုမြေပြင် သတင်းအရတော့ ဘဲဥ ၂ ကောင် ပြင်းပြင်းထန်ထန် ထိထားတယ်ကြားတယ်။ ဆေးရုံကားတွေနဲ့ တင်သွားတယ်လို့လတ်တလောမြေပြင်သတင်းသိထားရတယ်။ ဆက်လက်ပြီး စစ်ခွေးတွေကို တိုက်ခိုက်သွားမယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက ပြောဆိုသည်။

ထိုသို့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်သားနှင့် ရဲများ ရောက်ရှိလာပြီး လမ်းပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မြောက်ဥကလာပမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ – ပကဖ မှ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးသည် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် လူထုခေါင်းဆောင် မွေးနေ့အတွက် “ငုံမခံဘူး တုံပြန်နေမည် သံမဏိနှင်းဆီ” စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article