27 C
Yangon

ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁ ဦးကို အတင်းအကျပ် အလုပ်လုပ်ခိုင်းပြီး ထိခိုက်ဒဏ်ရာရချိန် ဆေးကုသမပေးသဖြင့် ထောင်ဆူမှုဖြစ်ပွား

Must read

ရန်ကုန်၊ ဇွန် ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁ ဦးကို ထောင်အာဏာပိုင်များက ဝရိန်ဆော်ခိုင်းစဉ် ဓာတ်လိုက်၍ မေ့မျောသွားသည် ဆေးရုံသို့ ပို့ဆောင်ခြင်း၊ ဆေးကုသပေးခြင်း မရှိသောကြောင့် ထောင်ဆူမှုဖြစ်ပွားဖြစ်ပွားခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်အချိန် နိုင်ငံရေးအကျဉ်းသား ၁ ဦး‌‌ကို ထောင်အာဏာပိုင်များက သံပန်းများကို ဝရိန်ဆော်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် နိုင်ငံရေးအကျဉ်းသားက ၀ရန်ဆော်နေစဉ် ဓာတ်လိုက်ရှော့ခ်ဖြစ်ပြီး မေ့လဲသွားကြောင်း၊ သို့ရာတွင် ထောင်အာဏာပိုင်များက ဆေးကုသမပေးသဖြင့် လူနာနိုင်ငံရေးအကျဉ်းသားကို ပြင်ပဆေးရုံ ပို့ပေးရန် နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုခဲ့ရာမှ ထောင်ဆူမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက် အဆိုပါ နိုင်ငံရေး အကျဉ်းသားကို ထောင်အာ ဏာပိုင်များက မော်လမြိုင် အ‌‌ထွေထွေ ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ကျန်းမာရေး အခြေအနေမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

“နိုင်ငံရးအကျဉ်းသား ၁ ဦး‌‌ကို ထောင်အာဏာပိုင်တွေက သံပန်းများတွေ ဝရိန် ဆော်ခိုင်းရာကနေ ရှော့ခ်ဖြစ်ပြီး ဓာတ်လိုက်တာ။ အဲဒါကို ပြင်ပဆေးရုံ မပို့ပေးလို့ နိုင်ငံရေး အကျဉ်းသားတွေက တောင်းဆိုရာကနေ ထောင်ဆူမှု ဖြစ်ပွားခဲ့တာပါ။ နိုင်ငံရေး အကျဉ်းသားကတော့ မော်လမြိုင် အ‌‌ထွေထွေ ဆေးရုံကြီးကို ရောက်နေပြီလို့ သိရတယ်။ ကျန်းမာရေး အခြေအနေကတော့ စောင့်ကြည့်နေရတုန်းပဲ။ ကျိုက်မရော အကျဉ်းထောင် အာဏာပိုင်တွေကတော့ ထောင်မပိတ် သေးဘဲ အကျဉ်းသူ အကျဉ်းသားတွေကို သော့ခတ်ပြီး ဝန်ထမ်းတွေကတော့ အကုန်ထွက်သွားတယ်လို့ သိရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကတော့ အခြေအနေကို ဝိုင်းဝန်း စောင့်ကြည့်ပေးဖို့ အကူအညီ တောင်းဆိုထားတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article