28 C
Yangon

တနင်္သာရီမြို့နယ်၊ တကူရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

တနင်္သာရီမြို့နယ်၊ တကူရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇွန် ၁၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင်တနင်္သာရီမြို့နယ်၊ တကူရွာကို အကြမ်းဖက် စစ်တပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲမှုအတွင်း ထိခိုက်ဒဏ်ရာရှိခဲ့သော ပြည်သူ ၁ ဦးသည် ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာ အခြေအနေ မစိုးရိမ်ရကြောင်း၊ စစ်တပ်က အရပ်သား ပြည်သူများ နေထိုင်သည့် ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“လူနေအိမ်တွေလည်း ထိတယ်။ ကျွန်တော်တို့ သိရတာတော့ အိမ် ၂ လုံး ပျက်စီးမှုရှိတယ်။ စစ်ခွေးတွေက တကူကျေးရွာ စာသင်ကျောင်း အနီးနှင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေ နေထိုင်တဲ့ နေအိမ်တွေကို ပစ်မှတ်ထားပြီး Mi 2 ရဟတ်ယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ အရပ်သား ပြည်သူ ၁ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူး” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article