24.9 C
Yangon

ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာရှိ စစ်စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်၊ မံစီမြို့နယ်တွင်လည်း ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး KIA က တင့်ကား ၁ စီးကို ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်ဘက်မှ သေဆုံးသူများပြား

Must read

ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာရှိ စစ်စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်၊ မံစီမြို့နယ်တွင်လည်း ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး KIA က တင့်ကား ၁ စီးကို ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်ဘက်မှ သေဆုံးသူများပြား

ရန်ကုန်၊ ဇွန် ၁၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာရှိ အကြမ်းဖက် စစ်တပ် စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်လိုက်ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန် ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာရှိ အကြမ်းဖက် စစ်တပ် စခန်း ၂ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားနှင့် ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

မံစီမြို့နယ်တွင်လည်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် KIA တို့ ၃ ရက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း KIA ကတင့်ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားကြောင်း သိရှိရသည်။

” ဆနီခူးရွာက စစ်ခွေး စခန်း ၂ ခုကို ဒီနေ့ ထပ်သိမ်းလိုက်ပြီ စစ်ခွေးနဲ့ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးသွားတယ်။ နောက်ပြီး မံစီ ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ခွေး စစ်​ကြောင်းနဲ့ ကောင်ဂျာဟန် မှာ တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိပြီ ဒီနေ့ ညနေမှာ တင့်ကား ၁ စီးကိုဖျက်စီးနိုင်ခဲ့တယ်။ စစ်ခွေးတွေအကျအဆုံးများနေတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article