27 C
Yangon

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်ဘေးရှောင် လင်မယား ၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရ

Must read

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်ဘေးရှောင် လင်မယား ၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လင်မယား ၂ ဦးသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၁၃ ရက်နေ့ ည ၇ နာရီ၀န်းကျင်အချိန် ဘုတလင်မြို့နယ်၊ ညောင်ကုန်းကျေးရွာ မြောက်ဘက်၊ ထောက်ရှာ ၀ိုင်းတောတိုက်အနီးသို့ စစ်ကောင်စီက တိုက်လေယာဉ် ဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ညောင်းကုန်းကျေးရွာမှ ဦးမင်းငြိမ်းနှင့် ဇနီးဖြစ်သူ ဒေါ်စန်းစန်းဌေးတို့ သေဆုံးခဲ့ပြီး အမျိုး သမီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“လေယာဉ်ကဝဲနေတော့ ညောင်ကုန်းတို့၊ထန်းတောတို့က အဲ့ဒီနားရွာတွေက ပြည်သူတွေက ကြောက် လန့်ပြီးထွက်ပြေးကြတာပေါ့၊အဲ့ဒီနားမှာ သစ်ခိုးလာတဲ့ကားကို ဖမ်းထားပြီးမီးဖွင့်ထားတော့ ဗုံးသီးက အဲ့နားချသွားတာ”ဟု ဘုတလင်နယ် ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ညောင်ကုန်းကျေးရွာမှ အသက် ၅၀ အရွယ် ဦးမင်းငြိမ်းနဲ့ ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် မစန်းစန်းဌေးတို့ သေဆုံးသည့်အပြင် ထန်းတောကျေးရွာမှ အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန် ပေါင်ကျိုးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article