27 C
Yangon

မြောက်ပိုင်းညီနောင်တပ်ဖွဲ့များ လားရှိုးမြို့အနီးသို့ ရောက်ရှိလာပြီဆိုသော သ တင်း များကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်များအားလုံး စစ်ပြင်နေပြီး တရုတ်နိုင်ငံသို့ တရားဝင် အသိပေး

Must read

မြောက်ပိုင်းညီနောင်တပ်ဖွဲ့များ လားရှိုးမြို့အနီးသို့ ရောက်ရှိလာပြီဆိုသော သ တင်း များကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်များအားလုံး စစ်ပြင်နေပြီး တရုတ်နိုင်ငံသို့ တရားဝင် အသိပေး

ရန်ကုန်၊ ဇွန် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်တပ်ဖွဲ့များ လားရှိုးမြို့အနီးသို့ ရောက်ရှိလာပြီဆိုသော သတင်းများအကြောင့် စစ်ကောင်စီက အရှေ့ မြောက် တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းတပ်ဖွဲ့များတွင် စစ်ရေး အရ ပြင်ဆင်မှုများ ပြုလုပ်နေသည့်အပြင် တရုတ်နိုင်ငံသို့ လက်ရှိ အခြေအနေများနှင့်ပတ်သက်ပြီး အသိ ပေး တိုင်ကြားမှုများ လုပ်ဆောင်နေကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း TNLA တပ်များအပါအဝင် မြောက်ပိုင်းညီနောင်တပ်များ လား ရှိုးမြို့နယ်ပတ်ဝန်းကျင်အထိ နေရာယူ လာသည်ဆိုသော သတင်းများကြောင့် လားရှိုးမြို့ပေါ် အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်လည်း စစ်ရေးပြင်ဆင်များ လုပ်ဆောင်နေကြောင်း၊ လားရှိုးမြို့ရှိ စစ်ကောင် စီ၏ တပ်ရင်းတပ်ဖွဲ့များတွင်လည်း စစ်ရေး ပြင်ဆင်မှုများကို တိုးမြှင့် လုပ် ဆောင် ခိုင်းထားကြောင်း၊ လားရှိုးမြို့အနီး နှစ်ဖက်စစ်ရေးတင်းမာသည့် အခြေ အနေများ ဖြစ်ပေါ် နေကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ဟိုင်ဂျင်အပစ်ရပ်ရေး သဘောတူညီချက် ရှိခဲ့သော် လည်း စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ ပြင်ဆင်ခြင်းများ၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းများကို ဆောင် ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို ဖောက် ဖျက် သည်ဟု TNLA က ထုတ်ပြန်နေချိန် ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး လေ ယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးဖြင့် ၁ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ညနေ ၅ နာရီ ၀၅ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးအသုံးပြုကာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ ထို့ကြောင့် TNLA ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနောက်ဆုံး နှစ်ဖက်စစ်ရေး တင်းမာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“လားရှိုးနဲ့ ရှမ်းမြောက်တစ်ခွင်မှာ စစ်ရေးအရ အတော်လေးကို အဆင်သင့်ပြင်တာတွေ လုပ်နေတယ်။ တပ်အင်အားတွေ ထပ်ပြီးတော့ တိုးပို့နေတာလည်းရှိတယ်။ နဂိုလည်း ပို့နေပြီးသားတွေရှိတယ်။ ခဲယမ်းတွေ ပို့တာတွေလည်းရှိပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။

လက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထံသို့ ခြေလျင်နှင့် ခြေမြန်တပ်ရင်းများမှ ထုတ်နုတ်အင်အားများ နေ့စဉ် ထပ်မံပို့ဆောင်နေကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း လားရှိုးမြို့နှင့် ရှမ်းမြောက်ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီက တရုတ်နိုင်ငံသို့ တရား ဝင် အသိပေးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ- TNLA ၏ အခြေခံစစ်သင်တန်း အပတ်စဥ် ၆၅ မှ တအာင်းရဲဘော်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article