26 C
Yangon

ရေဦးမြို့နှင့် ရေစကြို မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရေဦးမြို့နှင့် ရေစကြို မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်အချိန် ရေဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ရေဦးမြို့ မြောက်ဘက် အထွက် ဂိတ်စခန်းကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး BE တပ်သားတစ်ဦးနှင့် ပျူစောထီး ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဇွန်လ ၁၃ ရက်နေ့တွင် ရေဦးမြို့၊ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ လက်နက်ငယ်တွေနဲ့တော့ ပြန်ပစ်တာရှိတယ်။ ကျနော်တို့ ဘက်ကတော့ ပျက်စီးမှု၊ ထိခိုက်မှုမရှိပါဘူး။ ဇွန်လ ၁၃ ရက်နေ့က တိုင်းရင်းဆေးရုံမှာ ဒရုန်းနဲ့ ချလိုက်တာနဲ့ ၃ ကောင်သေတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် အထိုင်စခန်းများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force – UG အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပြည်သူ့စစ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးကျော် ပစ်ခတ်ခဲ့ပြီး ပစ်မှတ်နေရာများကို ကျရောက်ပေါက် ကွဲခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းအလံလွှင့်မည့် စေတမာန်၊ ဒေါင်းသွေးနီ နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ မှ Taty-Pku PDF ၊ Pakokku Underground Force ၊ Cobra One (Pakokku ) ၊ Young Force – UG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article