29 C
Yangon

ထားဝယ်နှင့် မြိုင်တို့တွင် စစ်တပ် စစ်ဆေးရေးဂိတ်များကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ထားဝယ်နှင့် မြိုင်တို့တွင် စစ်တပ် စစ်ဆေးရေးဂိတ်များကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန် ၊ ဇွန် ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ အကြမ်းဖက် စစ် တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီး အသစ်ဆောက်လုပ် ထားသည့် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ရေဖြူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) ၊ ဥဩစစ်ကြောင်းနှင့် Dawei Guerrilla Revolutionary Force (DGRF) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန် တိုး မြှင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေး အထူး အသိ၊ သတိပြုသွားလာ နေထိုင်ကြရန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့တွင် ပြည်သူပိုင် နေအိမ်များအတွင်းမှ ပစ္စည်းများကို ခိုးယူပြီး စစ်ဆေးရေးဂိတ်ကို ပြန်လာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရရှိမှုရှိကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြိုင်မြို့တောင်ဘက်ရှိ စစ်ရေးဂိတ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများထဲမှ ၆ ဦးသည် မြိုင်မြို့တွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို ခိုးယူပြီး စစ်ဆေးရေးဂိတ်ကို ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မြို့ တွင်းတစ်နေရာ၌ စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သား များကို ကျန်စစ်သားများက ဆွဲခေါ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၃ ရဲဘော်များက ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article