27 C
Yangon

မင်းတပ်တွင် ကူးစက်မြန် ဝမ်းပျက်ဝမ်းလျောဖြစ်ရောဂါ ဖြစ်ပွားနေပြီး လူသေဆုံးမှုရှိကာ အရေးပေါ်ဆေးဝါးများလိုအပ်နေ

Must read

မင်းတပ်တွင် ကူးစက်မြန် ဝမ်းပျက်ဝမ်းလျောဖြစ်ရောဂါ ဖြစ်ပွားနေပြီး လူသေဆုံးမှုရှိကာ အရေးပေါ်ဆေးဝါးများလိုအပ်နေ

ရန်ကုန်၊ ဇွန် ၁၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ကူးစက်မြန်ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားနေပြီး လူသေဆုံးမှုရှိကာ အရေးပေါ်ဆေးဝါးများ လိုအပ်နေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် ကော်မတီ တာဝန်ခံ Law Rence က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်တစ်ခုလုံးနီးပါး ကူးစက်မြန်ဝမ်းပျက် ဝမ်းလျော ရောဂါများ ဖြစ်ပွားလျက်ရှိရာ လူသေဆုံးမှုများရှိသဖြင့် အချို့ကျေးရွာများတွင် ဝင်၊ ထွက်ခွင့် ပိတ်ပင်ထားရမှု ရှိကြောင်း၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေး အဖွဲ့အနေဖြင့် ဆေးခန်းများ၌ ဆေးဝါးကုသမှုပေးနေသည့်အပြင် ကွင်းဆင်းကုသမှုများလည်း လုပ် ဆောင်ပေးနေပြီး အရေး ပေါ်ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။

“တစ်မြို့နယ်လုံးမှာရှိတဲ့ ကျေးရွာတော်တော်များများမှာဖြစ်နေတာ၊ ဘယ်လောက်ထိခိုက်တယ်၊ ဘယ်နှစ်ဦး ကူးစက်ခံရတယ်ဆိုတာမျိုးကတော့ တိကျတဲ့ အချက်အလက်တော့ မရှိဘူး၊ ကျနော်တို့ ကိုယ်တိုင်လည်းအိမ်မှာ မိသားစုအကုန်လုံး ဝမ်းလျောဝမ်းကိုက်ဖြစ်တယ်၊ အိမ်ကမိသားစုတွေက တော့ ဓာတ်ဆားတော်တော်များများသောက်လိုက်တော့ သက်သာပါတယ်၊ ကျေးရွာတော်တော်များ များမှာ ဖြစ်နေတာ၊ အောက်ချိုင်ရွာမှာဆိုရင် ၂ ဦးသေဆုံးတယ်၊ ဆေးဝါးလိုအပ်မှုတွေများတယ်၊ ဓာတ်ဆားတို့၊ ပိုးသတ်ဆေးတို့ သောက်သုံးနိုင်ဖို့ လိုအပ်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင် ကော်မတီ တာဝန်ခံ Law Rence က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျောရောဂါကုသနိုင်ရန် ဆေးဝါးဝယ်ယူရန် အခက်အခဲဖြစ်ပေါ် နေပြီး တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မင်းတပ်မြို့နယ် စစ်ဘေးရှောင် ကော်မတီ တာဝန်ခံ Law Rence က ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ချင်းပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article