27 C
Yangon

ပခုက္ကူမြို့နယ်တွင် စစ်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ပခုက္ကူမြို့နယ်တွင် စစ်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်နှင့် ကံတိန်-ကံတော်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် ခြေလျင်စစ်ကြောင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကံတော် အနောက်ဘက် ရောက်နေတဲ့ ကားတန်းက အရင်တစ်ခါကတည်းက ကားတွေ ပျက်စီးမှုများပြီး ရှေ့မတိုးနိုင် ဖြစ်နေတာ အဲကားတန်းကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်တာပါ။ စစ်ခွေးတွေ ထိခိုက်မှုရှိတယ်။ နောက်ပြီး စစ်ခွေး ခြေလျင် စစ်ကြောင်းက စိုတောမှာ ရောက်နေလို့ စိုတောကို လည်း အီနာကာ ဗုံးသီးနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်မူ ရှိသည်ဟု သိခဲ့ရပါတယ်။ ဒီ စစ်ခွေး စစ်ကြောင်းတွေကို ကျွန်တော်တို့ ပူးပေါင်း အဖွဲ့တွေက ရသလို လစ်သလို ဆက်လက် တိုက်ခိုက်သွားမှာဖြစ်ပါတယ်” ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ ၊ ပေါက် ပကဖ ၊ ဦးကြီးအဖွဲ့နှင့် မုဆိုးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article